■ ပရိသတ်များ၏ အားပေးမှုမှာ ယစ်မူးဖွယ်ကောင်းသည်ဟု မားကပ်စ်သူရမ် ဆို

■ ပရိသတ်များ၏ အားပေးမှုမှာ ယစ်မူးဖွယ်ကောင်းသည်ဟု မားကပ်စ်သူရမ် ဆို
Published 31 May 2024

အင်တာမီလန်အသင်း၏ တိုက်စစ်မှူး မားကပ်စ်သူရမ်က ပရိသတ်များ၏ အော်ဟစ်အားပေးမှုမှာ ယစ်မူးဖွယ်ကောင်း သည်ဟု ပြောကြားခဲ့သည်။ 

ပြင်သစ်နောက်ခံလူဟောင်း လီလီယန်သူရမ်၏ သားဖြစ်သူ မားကပ်စ်သူရမ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီကမှ မိုချန်ဂလာဘတ်အသင်းမှ အင်တာမီလန်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်သည်။ 

မားကပ်စ်သူရမ်က "အရင်က ကျွန်တော့်ကို သူရမ်ရဲ့ သားအဖြစ်ပဲ သိကြပါတယ်။ ဒီနေ့တော့ ကျွန်တော်က အားလုံးရဲ့အထက်မှာ ရှိနေပါပြီ။ အင်တာမီလန်ပရိသတ်တွေကြောင့် ကျွန်တော် မြန်မြန်ဆန်ဆန်အသားကျသွားတာပါ။ ကိုယ့်နာမည်ကို ပရိသတ်(၇၅၀၀၀)ရဲ့ အော် ဟစ်အားပေးတဲ့အသံကြားရတာ ယစ်မူးစရာကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၆) နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး မားကပ်စ်သူရမ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၆) ပွဲတွင် (၁၅) ဂိုးသွင်းယူခဲ့သည်။ 

Most Read

Most Recent