မက်ဆီ၊ စီရော်နယ်လ်ဒိုခေတ်လွန် Ballon d'Or ဆုသဲလွန်စ

မက်ဆီ၊ စီရော်နယ်လ်ဒိုခေတ်လွန် Ballon d'Or ဆုသဲလွန်စ
Photos: X
Photos: X
Published 25 May 2024
AK

Ballon d'Or ဆုအတွက် မက်ဆီနဲ့ စီရော်နယ်လ်ဒို နှစ်ကိုယ်တည်းပြိုင်ဆိုင်မှုက အဆုံးသတ်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း Ballon d'Or ဆု ပြေးလမ်းထက်မှာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုကသာ လွှမ်းမိုးခဲ့တယ်။ မိုဒရစ်၊ ဘန်ဇီမာတို့ ဖောက်ပြီးရခဲ့တာကလွဲပြီး Ballon d'Or ဆုဟာ မက်ဆီနဲ့စီရော်နယ်လ်ဒိုရဲ့ ကိုယ်ပိုင်ပစ္စည်းလို ဖြစ်ခဲ့တာပါ။ အခု ၂၀၂၄ ခုနှစ်မှာ Ballon d'Or တစ်ခေတ်ဆန်းပါပြီ။ ရွက်ဝါကြွေတွေရဲ့နေရာမှာ ရွက်သစ်တွေအစားထိုး နေရာယူတဲ့လောက သဘာဝအတိုင်း မက်ဆီနဲ့စီရော်နယ်လ်ဒိုနေရာက ကြယ်ပွင့်ဟောင်းတွေအဖြစ် မှေးမှိန်သွားပြီး ကြယ်ပွင့်အသစ်တွေ နေရာယူခဲ့ပါပြီ။ လက်ရှိအချိန်မှာ Ballon d'Or ဆုအတွက် ဟာလန်း၊ ဗင်နီစီယပ်စ်၊ ဘယ်လင်ဟမ်၊ ဖိုဒန်၊ ဘာပေနဲ့ဖလော်ရီယန်ဗက်ဇ်တို့က ရေပန်းအစားဆုံးကစားသမားတွေအဖြစ် တည်ရှိနေပါတယ်။ ဘယ်သူက Ballon d'Or ဆုကို အမှန်တကယ် ဆွတ်ခူးသွားမလဲ။

 

Most Read

Most Recent