■ ယူရို-၂၀၂၄ နဲ့ လက်ရှိချန်ပီယံ အီတာလျံတွေ

■ ယူရို-၂၀၂၄ နဲ့ လက်ရှိချန်ပီယံ အီတာလျံတွေ
Photo: AFP
Photo: AFP
Published 7 June 2024
Hein Thant

ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ ဥရောပကလပ်အသင်းပြိုင်ပွဲ (၃)ခုရဲ့ ဗိုလ်လုပွဲတွေကို အီတလီကလပ်အသင်း (၃)သင်းရောက်ခဲ့တယ်။ ၂၀၂၃-၂၄ ရာသီမှာတော့ ဒီပြိုင်ပွဲ (၃)ခုရဲ့ ဗိုလ်လု ပွဲ (၂) ပွဲမှာ အီတလီ (၂)သင်း ထပ်ပါလာပြန်တယ်။ ၂၀၂၂-၂၃ ရာသီမှာ ဗိုလ်လုပွဲရောက် (၃)သင်းစလုံး မအောင်မြင်ခဲ့ပေမယ့် ၂၀၂၃-၂၄ ရာသီမှာတော့ ဗိုလ်လုပွဲရောက် (၂)သင်းမှာ (၁)သင်းက ချန်ပီယံဆုကိုရယူနိုင်ခဲ့တယ်။ ဒီအနေအထားကိုအခြေခံပြီး ပြီးခဲ့တဲ့ (၂)ရာသီအတွင်းမှာ အီတလီကလပ်အသင်းတွေ ဥရောပရဲ့ ထိပ်တန်းအဆင့် လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလာပြီ။ အီတလီဘောလုံးလောကလည်း အနာဂတ်အတွက် ရောင်နီပြန်သမ်းစပြုလာပြီလို့ သတ်မှတ်လာခဲ့ကြတယ်။

 

Most Read

Most Recent