အိမ်ရှင်အခွင့်အရေးသည် ဖိအားများနှင့် ရောနှောနေသည်ဟု နာဂယ်စ်မန်း ဆို

အိမ်ရှင်အခွင့်အရေးသည် ဖိအားများနှင့် ရောနှောနေသည်ဟု နာဂယ်စ်မန်း ဆို
Photo: X
Photo: X
Published 10 June 2024

ဂျာမနီလက်ရွေးစင်အသင်းနည်းပြ နာဂယ်စ်မန်းက အိမ်ရှင်အခွင့်အရေးသည် ဖိအားများနှင့်လည်း ရောနှောနေသည်ဟု ပြောကြားခဲ့သည်။

UEFA မှ ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် နာဂယ်စ်မန်းက ယင်းကဲ့သို့ သုံးသပ်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံဆု ရရှိလိုသည်ဟုလည်း ဆိုခဲ့သည်။

''ပြိုင်ပွဲကြီးတစ်ခုကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတာ တကယ်ထူးခြားတဲ့ အခွင့်အရေးတစ်ရပ်ပါ။ ဒီအရာမှာ ဖိအားတွေလည်း ရောနှောနေပေမဲ့ ပိုပျော်စရာကောင်းပါတယ်။ ကျွန်တော်တို့ ကွင်းထဲမှာ ပျော်ရွှင်မှုကို မြင်တွေ့ရမယ်ဆိုရင် တကယ်ကောင်းတဲ့ ပြိုင်ပွဲတစ်ခုကို ပိုင်ဆိုင်နိုုင်မှာပါ''ဟု နာဂယ်စ်မန်းက ပြောကြားခဲ့သည်။

Most Read

Most Recent