ပယ်လ်ဟင်ညာ၏ပြောင်းရွှေ့ကြေးအတွက် ဖူလ်ဟမ်နှင့် ဘိုင်ယန် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေ

ပယ်လ်ဟင်ညာ၏ပြောင်းရွှေ့ကြေးအတွက် ဖူလ်ဟမ်နှင့် ဘိုင်ယန် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေ
Photo: Getty Images
Photo: Getty Images
Published 12 June 2024

 

ဘိုင်ယန်မြူးနစ်အသင်းသည် ပေါ်တူဂီကွင်းလယ်ခံစစ်ကစားသမား ပယ်လ်ဟင်ညာ၏ ပြောင်းရွှေ့ကြေးအတွက် ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ဘိုင်ယန်အသင်းသည် ပယ်လ်ဟင်ညာအား ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဖူလ်ဟမ်အသင်းက ငြင်းဆန်ပယ်ချခဲ့ခြင်းဖြစ်သည်။ 

ဘိုင်ယန်အသင်းအနေဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ်လကလည်း ပယ်လ်ဟင်ညာကို ယူရို သန်း ၆၀ ဖြင့် ခေါ်ယူရန် နီးစပ်ခဲ့သော ဆေးစစ်မှု ပထမပိုင်း ပြုလုပ်ပြီးခါမှ  နည်းပြ မာကိုဆေးလ်ဗား၏ဖူလ်ဟမ်အသင်းက အစားထိုးရန် ကစားသမားမရရှိခဲ့သဖြင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသည်။ 

ယခုအ ခါ ဖူလ်ဟမ်အသင်းသည် ပယ်လ်ဟင်ညာအတွက် ပြီးခဲ့သည့်နှစ်က ပြောင်းရွှေ့ကြေးပမာဏအတိုင်း ယူရို သန်း ၆၀ သာ အလိုရှိနေခြင်း ဖြစ်သည်။ ပယ်လ်ဟင်ညာသည် ဘိုင်ယန်အသင်းနှင့် လေးနှစ် သို့မဟုတ် ငါးနှစ် သက်တမ်း ရှိမည့်စာချုပ်တစ်ရပ် ချုပ်ဆိုသွားရန် ဆန္ဒရှိနေသည်။

Most Read

Most Recent