လေဗာကူဆင်အသင်း၏ ပြိုင်ပွဲစုံရှုံးပွဲမရှိစံချိန် ပွဲ(၅၀)အထိ ရှိလာခဲ့ပြီး ယခုရာသီ၌ ယှဉ်ပြိုင်ကစားရန် ပြိုင်ပွဲ(၃)မျိုးတွင် တစ်ပွဲစီသာ ကျန်ရှိတော့

လေဗာကူဆင်အသင်း၏ ပြိုင်ပွဲစုံရှုံးပွဲမရှိစံချိန် ပွဲ(၅၀)အထိ ရှိလာခဲ့ပြီး ယခုရာသီ၌ ယှဉ်ပြိုင်ကစားရန် ပြိုင်ပွဲ(၃)မျိုးတွင် တစ်ပွဲစီသာ ကျန်ရှိတော့
Photo : X
Photo : X
Published 13 May 2024

လေဗာကူဆင်အသင်းသည် ယခုတစ်ပတ်ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ဘိုဟုမ်အသင်းကို (၅-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ၎င်းတို့၏ ပြိုင်ပွဲစုံ ရှုံးပွဲမရှိစံချိန်မှာ ပွဲ(၅၀)အထိရှိလာခဲ့ ပြီဖြစ်ကြောင်း သိရသည်။

လေဗာကူဆင်အသင်းသည် ကြားရက်တွင် ယှဉ်ပြိုင်ခဲ့သော ယူရိုပါလိဂ်ပြိုင်ပွဲ၌ ရိုးမားအသင်းနှင့် သရေကျခဲ့ပြီးနောက် ဥရောပဘောလုံးလောကတွင် ပြိုင်ပွဲစုံရှုံးပွဲမရှိသည့်ပွဲ အများဆုံးအဖြစ် စံချိန်တင်ထားသော ဘင်ဖီကာအသင်းကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။ ယခုအခါ အဆိုပါ စံချိန်ကို ထပ်မံတိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုရာသီတွင် ပြိုင်ပွဲစုံ၌ ရှုံးပွဲမရှိ စံချိန်ရရှိရန်လည်း ပိုမိုနီးစပ်လာခဲ့သည်။

ဘွန်ဒစ်လီဂါချန်ပီယံဆု ရရှိထားပြီဖြစ်သည့် လေဗာကူဆင်အသင်းသည် ဖလားသုံးလုံးအောင်ပွဲကို မျှော်လင့်ခွင့်ရှိနေသည့်အသင်းဖြစ်ပြီး ယူရိုပါလိဂ်နှင့် ဂျာမန်ဖလားပြိုင်ပွဲများ၌ ဗိုလ်လုပွဲသို့ တက်ရောက်နေပြီ ဖြစ်သည်။

လေဗာကူဆင်အသင်းအနေဖြင့် ပြိုင်ပွဲ(၃)မျိုးတွင် တစ်ပွဲစီသာ ယှဉ်ပြိုင်ကစားရန် ကျန်ရှိတော့ပြီး ဘွန်ဒစ်လီဂါ၌ အော့စ်ဘတ်၊ ယူရိုပါလိဂ်ဗိုလ်လုပွဲ၌ အတ္တလန်တာ၊ ဂျာမန်ဖလားဗိုလ်လုပွဲ၌ ကိုင်ဇာစလော့တန်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

လေဗာကူဆင်အသင်းသည် ပြိုင်ပွဲစုံရှုံးပွဲမရှိ စံချိန်သစ်ပိုင်ဆိုင်ခဲ့ သည့်အပြင် ဘွန်ဒစ်လီဂါ၌ Clean Sheet (၁၆)ပွဲ ရရှိခဲ့သည့်အတွက် ၂၀၁၄-၁၅ ရာသီက အသင်း၏အကောင်းဆုံးစံချိန်ကိုလည်း လိုက်မီခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ တစ်ရာသီအတွင်း အဝေးကွင်းပွဲအားလုံးကို ရှုံးပွဲမရှိအောင် ကစားနိုင်သည့် ဒုတိယမြောက်ကလပ် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ ယခင်က ဘွန်ဒစ်လီဂါအဝေးကွင်း (၁၇)ပွဲစလုံးကို ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့သည့်အသင်းမှာ ဘိုင်ယန်မြူးနစ်အသင်းဖြစ်ပြီး ၁၉၈၆-၈၇ နှင့် ၂၀၁၂-၁၃ ရာသီတို့ တွင် နှစ်ကြိမ်စွမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent