"မန်ယူအသင်းမှာ ကျွန်တော်ရှိနေတာ ဆုဖလားတွေ ရယူဖို့ပါပဲ"

"မန်ယူအသင်းမှာ ကျွန်တော်ရှိနေတာ ဆုဖလားတွေ ရယူဖို့ပါပဲ"
Photo : Man Utd
Photo : Man Utd
Published 5 August 2024
Taw Linn

မေလ (၂၅) ရက်က ကစားခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲမှာ မန်ယူအသင်းက မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့တာပါ။ အဲဒီပွဲမတိုင်ခင်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ စံချိန်တင်ရလဒ်ဆိုးရွားမှုတွေကြောင့် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်အနေနဲ့ FA ဖလားဗိုလ်လုပွဲမှာ ဘယ်လိုရလဒ်ထွက်ထွက် ရာထူးက ထုတ်ပယ်ခံရမယ်လို့ သုံးသပ်မှုတွေ ရှိခဲ့တာပါ။ ဒါပေမဲ့ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ရပြီးနောက် အဲဒီသုံးသပ်မှုတွေ မှားယွင်းခဲ့တာပါပဲ။ မန်ယူအသင်းရဲ့ပူးတွဲပိုင်ရှင်သစ်တွေဖြစ်တဲ့ Ineos က ပြန်လည်သုံးသပ်မှုတွေလုပ်ပြီးနောက် တန်ဟက်ဂ်ကိုနည်းပြအဖြစ် ဆက်ခန့်ခဲ့တဲ့အပြင် ၂၀၂၆ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုးခဲ့တာပါ။ လက်ရှိမှာ အမေရိကန်မှာ ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ မန်ယူနည်းပြ တန်ဟက်ဂ်ကို BBC သတင်းဌာနက အင်တာဗျူး လုပ်ခဲ့ပါတယ်။ အဲဒီအင်တာဗျူးကို ပရိသတ်တွေသိရှိနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် . . .

 

Most Read

Most Recent