မန်ယူနှင့်ပွဲတွင် အဝါကတ်အပြခံရပါက ရာသီပိတ်ပွဲစဉ်ကို အာဆင်နယ်နည်းပြ အာတီတာ ကိုင်တွယ်ခွင့်ရမည်မဟုတ်

မန်ယူနှင့်ပွဲတွင် အဝါကတ်အပြခံရပါက ရာသီပိတ်ပွဲစဉ်ကို အာဆင်နယ်နည်းပြ အာတီတာ ကိုင်တွယ်ခွင့်ရမည်မဟုတ်
Photo : Getty Images
Photo : Getty Images
Published 9 May 2024

အာဆင်နယ်နည်းပြ အာတီတာသည် ယခုတစ်ပတ်ကစားမည့် မန်ယူအသင်းနှင့်ပွဲစဉ်တွင် အဝါကတ်အပြခံရပါက အသင်း၏ရာသီပိတ်ပွဲစဉ်ကို ကွင်းအတွင်း ကိုင်တွယ်နည်းပြခွင့်ရမည်မဟုတ်ကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်းနှင့်အပြိုင်ဖြစ်နေပြီး လက်ကျန်(၂) ပွဲတွင် မန်ယူ(အဝေး)၊ အဲဗာတန်(အိမ်)တို့နှင့် ကစားရမည်ဖြစ်သည်။

အာဆင်နယ်နည်းပြ အာတီတာသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ကွင်းလယ်ဒိုင်များ၏ဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ စောဒကတက်မှုများကြောင့် အဝါကတ် (၅) ကြိမ်အထိ အပြခံရထားပြီး အဝါကတ် (၁) ကြိမ် ထပ်မံပြသခံရမည်ဆိုပါက ပရီးမီးယားလိဂ်စည်းမျဉ်းအတိုင်း (၁) ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

ထို့ကြောင့် အာတီတာအနေဖြင့် မေလ (၁၂) ရက် (တနင်္ဂနွေနေ့)တွင် ကစားမည့် မန်ယူအသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်၌ အဝါကတ် အပြမခံရအောင် သတိထားရမည်ဖြစ်သည်။

အကယ်၍ အာတီတာအနေဖြင့် မန်ယူအသင်းနှင့်ပွဲစဉ်တွင် အဝါကတ်ထိခဲ့မည်ဆိုပါက ရာသီပွဲစဉ်အဖြစ် မေလ (၁၉) ရက်တွင် ကစားမည့် အဲဗာတန်အသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

အာဆင်နယ်အသင်းသည် လက်ကျန်(၂) ပွဲအနိုင်ရရန် လိုအပ်သလို မန်စီးတီးအသင်း အမှတ်လျော့မှသာ ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိနိုင်မည်ဖြစ်သည်။

Most Read

Most Recent