ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီအနေဖြင့် ၎င်း၏သားအား လူစာရင်း၌ ထည့်ခဲ့

ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီအနေဖြင့် ၎င်း၏သားအား လူစာရင်း၌ ထည့်ခဲ့
Photo : Getty Images
Photo : Getty Images
Published 20 May 2024

အက်စတွန်ဗီလာအသင်း၏ နည်းပြဖြစ်သူ အူနိုင်းအမ်မရီသည် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် ၎င်း၏သားဖြစ်သူ လင်ဒါအမ်မရီကို အသင်း၏ အရန်လူစာရင်းတွင် ထည့်သွင်းခေါ်ယူခဲ့ကြောင်း သိရသည်။

လင်ဒါအမ်မရီ(၂၁ နှစ်)သည် ပြီးခဲ့သည့် ဇန်နဝါရီတွင် ဗလင်စီယာအသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး ဂိုးသမားအဖြစ် ကစားနေသူဖြစ်သည်။

၎င်းသည် ပရီးမီးယားလိဂ်-၂ ၌ အက်စတွန်ဗီလာယူ-၂၁ အသင်းနှင့်အတူ (၆)ပွဲ ကစားခွင့်ရထားသူဖြစ်ပြီး အူနိုင်းအမ်မရီ၏ ရလဒ်အတွက် အရေးမပါတော့သည့်ပွဲတွင် သားဖြစ်သူကို အခွင့်အရေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းပွဲတွင် အက်စတွန်ဗီလာအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းအား အဝေးကွင်း၌ (၅-ဝ)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent