ယူရို-၂၀၂၄ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 16 June 2024

ပိုလန် - နယ်သာလန် ( တနင်္ဂနွေည ရး၃၀ နာရီ)

နယ်သာလန်အသင်းရဲ့ တိုက်စစ်ကစားဟန်က စိတ်ဝင်စား စရာကောင်းပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ ဂျာမနီအ သင်းကို ရှုံးခဲ့တဲ့ ပွဲကလွဲရင် နယ်သာလန်က ပွဲတိုင်းဂိုးပြတ်သွင်း နေပြီး Clean Sheet  တွေလည်း ဆက်တိုက်ယူနေတယ်။ တိုက် စစ်တောင်ပံ နှစ်ဖက်နဲ့ Wing Backs တွေရဲ့ နေရာအလှည့်အ ပြောင်းနဲ့ ချိတ်ဆက် အလုပ်လုပ်ပုံက တော်တော်လေးကောင်း မွန်တာတွေ့ရတယ်။ ပိုလန်ကလည်းနောက်ပိုင်းမှာ နိုင်ပွဲဆက် နေတဲ့အသင်းပါ။ ဒါပေမဲ့ နယ်သာလန်ကိုပဲ ကြိုက်တယ်။ 

ဆလိုဗေးနီးယား - ဒိန်းမတ် (တနင်္ဂနွေည ၁၀း၃၀ နာရီ)

စာရွက်ပေါ်က ကစားသမား အင်အားအရ ဒိန်းမတ်က ပို သာပေမယ့် ဒီနှစ်သင်းကြားမှာ ခြေစွမ်းကွာဟချက် မကြီးမားပါ ဘူး။ ဒိန်းမတ်တိုက်စစ်မှာ ဟွိုင်လန်းက အားသာချက်ဖြစ်လာနိုင် ပေမယ့် ဆလိုဗေးနီးယားတိုက်စစ်ပိုင်းမှာ ရှက်ရှ်ကိုကလည်း ကြောက်စရာကောင်းတဲ့ ကစားသမားပါ။ ရှက်ရှ်ကိုက ဟွိုင်လန်း ထက်တောင် လက်ရွေးစင်အသင်းထက် ပိုအလုပ်ဖြစ်ပါတယ်။ အသင်းလိုက် အရည်အသွေးမှာတော့ ဒိန်းမတ်က သာနေတာ တွေ့ရတယ်။ သရေကျနိုင်ပြီး အနိုင်ဆိုရင်တော့ ဒိန်းမတ် ၂-၁ ပါ။

ဆားဘီးယား - အင်္ဂလန် (တနင်္လာနံနက် ၁း၃၀ နာရီ)

အင်္ဂလန်အသင်းရဲ့ အဓိက ပြဿနာက ဂိုးပေါက်နဲ့ ခံစစ်တန်းမှာ ရှိနေတယ်။ ဆောက်ဂိတ်က အင်္ဂလန်အသင်းအတွက် အလုပ်ကောင်းကောင်း လုပ်ပေးခဲ့ပါတယ်။ လက်ရွေးစင်အသင်းနည်းပြ ရာထူးမှာ ဆက်ရှိနေလို့လည်း အဆင်ပြေတယ်။ ဒါပေ မဲ့ ဒီတစ်ကြိမ်မှာ ဗိုလ်မစွဲဘူး၊ သို့မဟုတ် ဗိုလ်လုပွဲမတက်ဘူးဆိုရင် ဆောက်ဂိတ်အနေနဲ့ ခံစစ်ကို အများကြီး ပြောင်းလဲပစ်ဖို့ လုပ်ဆောင်ရတော့မယ်။ ဆားဘီးယားအသင်းနဲ့ပွဲက အင်္ဂလန်အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ထက် ခံစစ်ကို သတိထားစောင့် ကြည့်ရမယ့်ပွဲဖြစ်တယ်။ ဆားဘီးယားမှာ ဗလာဟိုဗစ်၊ မီထရိုဗစ်နဲ့ ယိုဗစ်တို့လို တိုက်စစ်မှူးတွေရှိနေတယ်။ ဒါပေမဲ့ ဆားဘီး ယားရဲ့ အဓိက ပြဿနာက စုဖွဲ့မှု ပျက်စီးလွယ်တာပဲ။ အင်္ဂလန်နိုင်ပွဲ ရလိမ့်မယ်။ 

Most Read

Most Recent