■ ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) ပွဲကျန်နှင့် ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) ပွဲကျန်နှင့် ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်(ဒုတိယအကျော့) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 23 April 2024

♦ အာဆင်နယ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် နံနက် ၁:၃၀ နာရီ)

အာဆင်နယ်အသင်းက ချယ်လ်ဆီးကို မနှစ်က နှစ်ကျော့စလုံး အနိုင်ကစားခဲ့ပြီး ဒီရာသီမှာတော့ ချယ်လ်ဆီးကွင်းမှာ သရေကစားထားတယ်။ အခု အာဆင်နယ်နဲ့ တွေ့တဲ့ ချယ်လ်ဆီးက ပထမအကျော့တုန်းက တွေ့ခဲ့တဲ့ ချယ်လ်ဆီးအသင်းထက် အများကြီး ပိုကောင်းနေတယ်ဆိုတာ သေချာတယ်။ ပြိုင်ပွဲစုံမှာ ရှုံးပွဲတွေ နည်းလာတယ်။ အသင်းလိုက်ခိုင်မာတဲ့ ကစားဟန်တစ်ခုရှိတယ်။ ချယ်လ်ဆီးအသင်းရဲ့ အဓိကအားနည်းချက်က တိုက်စစ်ပိုင်းဖြစ်ပြီး အဆုံးသတ် အရည်အသွေးနိမ့်ပါးခြင်းက အသင်းကို ဆိုးရွားတဲ့ရလဒ်တွေ ဖြစ်ပေါ်စေတာလည်းဖြစ်တယ်။ လက်ရှိအချိန်မှာ အာဆင်နယ်က ပိုကောင်းတဲ့အသင်းဖြစ်နေတယ်ဆိုရင်တောင် Current Form အရကြည့်ရင် ချယ်လ်ဆီးက အာဆင်နယ်ကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်။ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ခြေစွမ်းကို ဆက်ထိန်းထားရင်၊ ကိုးလ်ပါမာသာ အကောင်းဆုံးပုံစံမှာ ရှိနေရင် အာဆင်နယ် ခက်ခက်ခဲခဲ ကစားရမှာလည်း သေချာတယ်။ ဒါပေမဲ့ အာဆင်နယ် အိမ်ကွင်းမှာ ကစားရမှာရယ်၊ အာဆင်နယ်ရဲ့အခြေအနေက ချယ်လ်ဆီးထက် အများကြီးပိုအရေးကြီးနေတာတွေရယ်ကြောင့် ၂-၁ လောက်နဲ့ ပြီးသွားနိုင်တယ်။

♦ လာဇီယို - ဂျူဗင်တပ်စ်  (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် နံနက် ၁:၃၀ နာရီ)

တူရင်မြေမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ လာဇီယိုအသင်း အိမ်ကွင်းပြန်ကစားရပေမဲ့ ပြန်လာနိုင်ဖို့က အတော်လေးခက်ခဲသွားတာကတော့ သေချာပါတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်နဲ့ ကိုပါအီတာလီယာတွေ့ဆုံမှုတွေမှာ နောက်ဆုံးအနိုင်ရထားတာက ၂၀၁၃ ခုနှစ် ဇန်နဝါရီလကဖြစ်လို့ အစဉ်အလာအရ အတော်လေးနိမ့်နေတယ်။ ကက်စတယ်လာနို့စ်ကို အနာဂတ် အီမိုဘီလီနေရာအတွက် အစားထိုးဖို့ ပြင်ဆင်နေပေမဲ့ လတ်တလောခြေစွမ်းပိုင်းအရတော့ သိပ်မစွံဘူး။ ဂျူဗင်တပ်စ်အသင်းက ပြည်တွင်းပွဲတွေမှာ ကစားနေရပေမဲ့ ရလဒ်ပိုင်းကတော့ မျှော်လင့်ထားသလောက် မကောင်းဘူးဖြစ်နေတယ်။ လာဇီယိုအသင်း မရှုံးနိုင်ဘူးထင်တယ်။

Most Read

Most Recent