နီကိုလက်စ်ဂျက်ဆန်နှင့် ပတ်သက်သည့် ဝေဖန်မှုများကို ပိုချက်တီနို ကာကွယ်ခဲ့ပြီး ဂျက်ဆန်သည် ဒရော့ဘာမဟုတ်ဟု သတိပေး

နီကိုလက်စ်ဂျက်ဆန်နှင့် ပတ်သက်သည့် ဝေဖန်မှုများကို ပိုချက်တီနို ကာကွယ်ခဲ့ပြီး ဂျက်ဆန်သည် ဒရော့ဘာမဟုတ်ဟု သတိပေး
Photo: Getty Images
Photo: Getty Images
Published 23 April 2024

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ ပိုချက်တီနိုက ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် အသင်း၏တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန်နှင့် ပတ်သက်၍ ကာကွယ်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

နီကိုလက်စ်ဂျက်ဆန်သည် ယခုနောက်ပိုင်းပွဲစဉ်များတွင် ချယ်လ်ဆီးအသင်း ရရှိခဲ့သည့် ဂိုးကန်သွင်းခွင့်များကို ဖြုန်းတီးခဲ့ပြီး ချယ်လ်ဆီးအသင်းအနေဖြင့် ရလဒ်ကောင်းသင့်သည့် ပွဲစဉ်များတွင်ပင် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ပိုချက်တီနိုက ''ပထမဆုံးရာသီဆိုတာ ကစားသမားတိုင်းအတွက် အခက်အခဲရှိပါတယ်။ အထူးသဖြင့် တိုက်စစ်မှူးတစ်ဦးဖြစ်နေရင် ခြေစွမ်းပြနိုင်ဖို့၊ ဂိုးတွေသွင်းနိုင်ဖို့ လိုပါတယ်။ လူတိုင်းက တိုက်စစ်မှူးတွေကိုဆိုရင် ထိချက်တိုင်းကို ဂိုးတွေ ဖြစ်စေချင်ကြတယ်။ ဒါတွေက ဖိအားတွေ ဖြစ်စေပါတယ်။ ဂျက်ဆန်က ကျွန်တော်တို့အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်သလို ကြံ့ခိုင်မှုပြည့်ဝတဲ့ တစ်ဦးတည်းသော တိုက်စစ်မှူးပါ။ ကျွန်တော်တို့အတွက် အရမ်းလိုအပ်ပါတယ်။ ဒရော့ဘာလို ကစားသမားမျိုးနဲ့ နှိုင်းယှဉ်နေရင်တော့ မမျှတပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent