နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည့် ကမ္ဘာပေါ်တွင် ဂျာနယ်လစ်များအတွက် အန္တရာယ် အများဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေ

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည့် ကမ္ဘာပေါ်တွင် ဂျာနယ်လစ်များအတွက် အန္တရာယ် အများဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေ
Published 3 May 2024
Ref: RSF

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် ကမ္ဘာပေါ်၌ ဂျာနယ်လစ်များအတွက် အန္တရာယ်အများဆုံး ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သည်။

RSF ၏ ဒေသအလိုက် စာနယ်ဇင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် အာရှ-ပစိဖိတ်ဒေသသည် မက်ဂရက်ဘ်-အရှေ့အလယ်ပိုင်း (Megherb-Middle East) ဒေသပြီးပါက မီဒီယာလုပ်ငန်းလုပ်ကိုင်ရန် ကမ္ဘာ့ဒုတိယမြောက် အခက်ခဲဆုံးဒေသဖြစ်နေပြီး အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ငါးနိုင်ငံသည် ကမ္ဘာ့ပေါ်၌ ဂျာနယ်လစ်များအတွက် အန္တရာယ်အများဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိသည်။

ကမ္ဘာ့ပေါ်၌ ဂျာနယ်လစ်များအတွက် အန္တရာယ်အများဆုံး ၁၀ နိုင်ငံစာရင်းတွင်ပါဝင်သည့် အာရှ-ပစိဖိတ် ဒေသရှိနိုင်ငံများမှာ မြန်မာ၊ တရုတ် ၊ မြောက်ကိုရီးယား၊ ဗီယက်နမ်နှင့် အာဖဂန်နစ္စတန် နိုင်ငံများဖြစ်သည်။

အဆင့်လိုက်ရပ်တည်ချက်အရ မြန်မာနိုင်ငံက အဆင့် (၁၇၁) ၊ တရုတ်က (၁၇၂) ၊ မြောက်ကိုရီးယားက (၁၇၇)၊ ဗီယက်နမ်က (၁၇၄) နှင့် အာဖဂန်နစ္စတန်နိုင်ငံက (၁၇၈) နေရာများတွင် ရပ်တည်လျက်ရှိသည်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ညွှန်းကိန်းတွင် ဖော်ပြထားသည့် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁ နေရာမှ အဆင့် ၅ နေရာတွင်ရှိသည့် နိုင်ငံများမှာ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံတို့ ဖြစ်ပြီး မြန်မာနိုင်ငံသည် အဆင့် ၁၇၁ နေရာတွင်ရှိနေကာ မြန်မာနိုင်ငံအောက်တွင် ကိုးနိုင်ငံသာ ရှိနေသည်။