■ ဥရောပရွှေဖိနပ်ဆုက ဟာရီကိန်းအတွက် နှစ်သိမ့်ဆုလား

■ ဥရောပရွှေဖိနပ်ဆုက ဟာရီကိန်းအတွက် နှစ်သိမ့်ဆုလား
Photo : Sky Sports
Photo : Sky Sports
Published 28 March 2024
AK

၂၀၂၃-၂၄ ဘောလုံးရာသီ ဥရောပရွှေဖိနပ်ဆု(ESM)အတွက် ဘိုင်ယန်မြူးနစ်အသင်းက အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းက အမှတ်ဖြတ်ဦးဆောင်နေပါတယ်။ ဥရောပရွှေဖိနပ်ဆိုတာ အစဉ်အလာကြီးမားပြီး ကစားသမားတွေအတွက် ဂုဏ်သိက္ခာမြင့်မားတဲ့ ဆုတံဆိပ်လည်း ဖြစ်ပါတယ်။ အဲဒီဆုကို လိဂ်ပြိုင်ပွဲသွင်းဂိုးတွေအပေါ် အခြေခံကာ ချီးမြှင့်နေပါတယ်။ ဘိုင်ယန်မြူးနစ်ကို ဟာရီကိန်း ရောက်လာတာဟာ မင်္ဂလာတစ်ပါးပဲ၊ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီတာပါပဲ။ တကယ်လည်း ဟာရီကိန်းရဲ့သွင်းဂိုးမုန်တိုင်းဟာ ဘိုင်ယန်မြူးနစ်မှာလည်း အင်အားပြင်းထန်ခဲ့တယ်။ ဘွန်ဒစ်လီဂါစံချိန်တင်ဂိုးတွေက ဟာရီကိန်းဆီ ခပ်လွယ်လွယ်ရောက်လာတယ်။

 

Most Read

Most Recent