တန်ဟက်ဂ် ရာထူးမှမပြုတ်မချင်း မန်ယူအသင်းသို့ ဆန်ချို ပြန်လာမည်မဟုတ်ဟု သတင်းထွက်

တန်ဟက်ဂ် ရာထူးမှမပြုတ်မချင်း မန်ယူအသင်းသို့ ဆန်ချို ပြန်လာမည်မဟုတ်ဟု သတင်းထွက်
Photos: Getty Images
Photos: Getty Images
Published 16 March 2024

 

ဒေါ့မွန်အသင်းတွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားနေသည့် အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဆန်ချိုသည် နည်းပြတန်ဟက်ဂ် ရာထူးမှမပြုတ်မချင်း မိခင်ကလပ် မန်ယူအသင်းထံသို့ ပြန်လာမည်မဟုတ်ကြောင်း သတင်းထွက်ပေါ်နေသည်။ 

အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုသည် မန်ယူအသင်းတွင် နည်းပြ တန်ဟက်ဂ်နှင့် ပြဿနာဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းဟောင်း ဒေါ့မွန်အသင်းထံသို့ ရာသီဝက်အငှားဖြင့် လာရောက်ကစားနေခြင်းဖြစ်သည်။ သို့သော် ဆန်ချိုအနေဖြင့် လက်ရှိတွင် အငှားစာချုပ်ပြည့်လျှင် မိခင်ကလပ် မန်ယူအသင်းထံသို့ ပြန်လာရန် ဆန္ဒမရှိကြောင်း သိရသည်။ 

ဆန်ချိုသည် ၂၀၂၁ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ မန်ယူအသင်းထံသို့ ပေါင် ၇၃ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ အကယ်၍ လာမည့် ၂၀၂၄-၂၅ ရာသီတွင် မန်ယူအသင်း နည်းပြအဖြစ် လက်ရှိနည်းပြ တန်ဟက်ဂ် ဆက်ရှိနေမည်ဆိုပါက ဆန်ချိုအနေဖြင့် ဒေါ့မွန်အသင်းထံသို့ အပြီးသတ်ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။ 

ဆန်ချိုသည် မန်ယူအသင်းတွင် စတင်ရောက်ရှိသည့်အချိန်ကစပြီး ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ယခုရာသီ အစောပိုင်းတွင် နည်းပြ တန်ဟက်ဂ်နှင့် ပြဿနာတက်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ စက်တင်ဘာ ၃ ရက်တွင် တန်ဟက်ဂ်က အာဆင်နယ်နှင့်ပွဲ၌ အ သင်းလူစာရင်းတွင် ဆန်ချို မပါဝင်ခြင်းမှာ လေ့ကျင့်ရေးကွင်းတွင် ခြေစွမ်းမပြနိုင်ခြင်းနှင့် မန်ယူကစားသမားတစ်ယောက်တွင် ရှိရမည့် စွမ်းဆောင်ရည်မရှိခြင်းကြောင့်ဖြစ်သည်ဟု မီဒီယာများကို မီဒီယာများကိုပြောကြားခဲ့သည်။ 

တန်ဟက်ဂ်၏ အဆိုပါပြောဆိုမှုကိုတုံ့ပြန်သည့်အနေဖြင့် ဆန်ချိုက တန်ဟက်ဂ်အနေဖြင့် မဟုတ်မမှန်ပြောဆိုနေပြီး မိမိသည် အသင်း၏ရလဒ်ဆိုးရွားမှုအတွက် အသုံးချခံနေရသည်ဟု လူမှုကွန်ရက်တွင် ရေးတင်ခဲ့သည်။ ယင်းအတွက် မန်ယူအသင်း က တန်ဟက်ဂ်အား ပြန်လည်တောင်းပန်ရန် ဆန်ချိုကို ညွှန်ကြားခဲ့သော်လည်း ဆန်ချိုက ငြင်းဆန်ခဲ့သည့်အတွက် ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးပိုမိုတင်းမာခဲ့သည်။ ယင်းနောက် မန်ယူအသင်းသည် ဆန်ချိုကို အသင်းနှင့်အတူ လေ့ကျင့်ခွင့်ပိတ်ပင်ခဲ့ပြီး နောက်ဆုံးတွင် ဒေါ့မွန်အသင်းထံ ရာသီဝက်ပြန်လည်အငှားချခဲ့ခြင်းဖြစ်သည်။ 

ဆန်ချိုသည် နောက်ပိုင်းပွဲစဉ်များတွင် ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြနေပြီး PSG အသင်း (၂-၀) ဂိုးဖြင့် အနိုင်ရသည့် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်တွင် အနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့သလို ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု ကိုပါ ရရှိခဲ့သည်။ ဆန်ချိုသည် ယခုရာသီကုန်တွင် ဒေါ့မွန်အသင်းနှင့်အငှားစာချုပ်ပြည့်မည်ဖြစ်သော်လည်း တန်ဟက်ဂ်သာ ဆက်ရှိမည်ဆိုပါက မန်ယူအသင်းထံ ပြန်လိုခြင်းမရှိကြောင်း သိရသည်။ မန်ယူအသင်းသည် ဆန်ချိုကို ပေါင် ၃၅ သန်းဖြင့် ရောင်းထုတ်ဖွယ်ရှိသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

Most Read

Most Recent