■ နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်

■ နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်
Photo: Opta
Photo: Opta
Published 22 March 2024

အိုင်ဗရီကို့စ် - ဘီနင် (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၁၀:၃၀ နာရီ)

အိုင်ဗရီကို့စ်က ပူပူနွေးနွေး အာရှဖလား ချန်ပီယံအသင်းပါ။ ကစားသမားကောင်းတွေလည်း ပို်င်ဆိုင်ထားတယ်။ ဘီနင်ကို အနိုင်ယူလိမ့်မယ်။ 



အိုင်ယာလန် - ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၁၁:၃၀ နာရီ)

အိုင်ယာလန်အသင်းက ယူရိုပြိုင်ပွဲတုန်းက ခြေစစ်ပွဲမအောင်ခဲ့ပေမဲ့ သိသိသာသာ တိုးတက်လာတာကိုတော့ တွေ့ရတယ်။ ဘယ်လ်ဂျီယံက ခြေစစ်ပွဲအောင်အသင်းဖြစ်ပြီး အိုင်ယာလန်လို မာကျောတဲ့အသင်းတစ်သင်းနဲ့ ခြေစမ်းတာက ပြင်ဆင်မှုကောင်းပါ။ ဒါပေမဲ့ ဘယ်လ်ဂျီယံ လူမစုံပါဘူး။ ခြေသာပေမဲ့ သရေကျဖို့ များတယ်။ 



ဆလိုဗက်ကီးယား - သြစတြီးယား (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၁၁:၃၀ နာရီ)

ဒီနှစ်သင်းက ၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ်ကစားကြမှာဖြစ်တယ်။ နှစ်သင်းစလုံး ဟန်ချက်ညီတယ်။ မာကျောတယ်။ သြစတြီးယားက တိုက်စစ်ပိုသာပြီး ကြယ်ပွင့်ကစားသမားတွေ ပိုရှိပေမဲ့ ဒီနှစ်သင်းရဲ့နောက်ဆုံး ၅ ပွဲမှာ သွင်းဂိုး စု စုပေါင်း ၄ ဂိုးပဲ ရှိတယ်။ တစ်သင်းနဲ့တစ်သင်းအနိုင်ယူဖို့ ခက်ပါတယ်။ သရေပဲ ကျမယ်။ 



အင်္ဂလန် - ဘရာဇီးလ် (မြန်မာစံတော်ချိန် မတ်လ ၂၄ ရက် နံနက် ၁:၃၀ နာရီ)

ဘောလုံးကမ္ဘာရဲ့ လူစိတ်ဝင်စားမှု အကြီးမားဆုံးအသင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်တယ်။ နှစ်သင်းစလုံးက နိုင်ငံတကာပြိုင်ပွဲကြီးတွေအတွက် ပြင်ဆင်နေတဲ့အသင်းတွေလည်းဖြစ်တယ်။ အင်္ဂလန်အသင်းက ယူရိုပြိုင်ပွဲအတွက် ပြင်ဆင်နေသလို ဘရာဇီးလ်ကလည်း ကိုပါအမေရိကအတွက် ပြင်ဆင်နေတယ်။ နှစ်သင်းစလုံးက ကိုယ့်အသင်းရဲ့အကောင်းဆုံးပုံစံကို ရှာဖွေကြမှာ ဖြစ်ပြီး လက်ရှိအနေအထားအရတော့ ဘရာဇီးလ်ထက် အင်္ဂလန်က အားသာနေတာ တွေ့ရတယ်။ အရင်တုန်းက ဆုံတွေ့ခဲ့သမျှကို ပြန်ကြည့်ရင် အင်္ဂလန်အတွက် ဘရာဇီးလ်ကို သရေဆိုရင်တောင် ဂုဏ်ယူစရာအခြေအနေတွေဖြစ်ခဲ့ပေမဲ့ အခုတစ်ကြိမ်ကတော့ အင်္ဂလန် နိုင်ပွဲ အရယူဖို့ကြိုးစားမှာပါ။ အင်္ဂလန်ကို ကြိုက်တယ်။ 



ဒိန်းမတ် - ဆွစ်ဇာလန် (မြန်မာစံတော်ချိန် မတ်လ ၂၄ ရက် နံနက် ၁:၃၀ နာရီ)

နှစ်သင်းစလုံး ယူရိုခြေစစ်ပွဲအောင်ထားကြပြီး အကြိတ် အနယ်ကစားကြလိမ့်မယ်။ ဒိန်းမတ်က နောက်ပို်င်းနှစ်တွေမှာ ပိုကောင်းလာသလို တိုက်စစ်မှူး ဟွိုင်လန်းကလည်း အားကိုးရပါလိမ့်မယ်။ ဆွစ်ဇာလန်က နောက်ဆုံး ၄ ပွဲဆက် နို်င်ပွဲပျောက်ခဲ့ပြီး ဒီပွဲမှာ နိုင်ပွဲပြန်ရှာဖို့ ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ ခြေသိပ်မကွာတဲ့အသင်းတွေဖြစ်ပြီး သရေကျဖို့များတယ်။ 



ပြင်သစ် - ဂျာမနီ (မြန်မာစံတော်ချိန် မတ်လ ၂၄ ရက် နံနက် ၂:၃၀ နာရီ)

ဂျာမနီက ယူရိုပြိုင်ပွဲရဲ့ အိမ်ရှင်အသင်းဖြစ်တယ်။ လက်ရှိအချိန်မှာ ပြင်သစ်က ဘောလုံးလောကရဲ့ အကောင်းဆုံးနိုင်ငံအသင်းအဖြစ် ပြောလို့ရတဲ့ အခြေအနေဖြစ်ပြီး ဂျာမနီကတော့ အဖက်ဖက်က ကျဆင်းမှုတွေရှိနေတယ်။ ဒါပေမဲ့ နာဂယ်စ်မန်းရဲ့လက်အောက်မှာ ဘယ်လောက်တိုးတက်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်သလို၊ လက်ရှိ ဂျာမနီအသင်းရဲ့ တိုက်စစ်ပိုင်းမှာ လူငယ်ကြယ်ပွင့်တွေ ပြန်လည်ထွက်ပေါ်လာနေတာကိုလည်း တွေ့ရတယ်။ ဂျာမနီမှာ ဘိုင်ယန်လူငယ်ကြယ်ပွင့် ပက်ဗ်လိုဗစ် အရွေးခံထားရပေမဲ့ ၀ါရင့်ကစားသမားအချို့ ချန်လှပ်ခံခဲ့ရတာ တွေ့ရတယ်။ ပြင်သစ်ပဲ အနိုင်ရပါလိမ့်မယ်။ 



တူနီးရှား - ခရိုအေးရှား (မြန်မာစံတော်ချိန် မတ်လ ၂၄ ရက် နံနက် ၂:၃၀ နာရီ)

ဒီပွဲကလည်း ကြားမြေမှာ ကစားကြမှာဖြစ်တယ်။ ခရိုအေးရှားအသင်းက ယူရိုပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်ထားပေမဲ့ ပြီးခဲ့တဲ့ ခြေစစ်ပွဲစဉ်တွေတုန်းက ခြေစွမ်းက သာမန်ခြေစွမ်းရဲ့အောက်မှာပဲ ရှိခဲ့တယ်။ တူနီးရှားက ခံစစ်ကစားပုံမာကျောတဲ့အသင်းပါ။ ခရိုအေးရှားကို ကောင်းကောင်းဒုက္ခပေးနိုင်တယ်။ သရေပဲ ကျမယ်ထင်တယ်။ 



■ အခြားပွဲစဉ်များ 

*ဇမ်ဘီယာ - ဇင်ဘာဘွေ (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၆:၃၀ နာရီ)

*မာလာဝီ - ကင်ညာ (မြန်မာစံတော်ချိန် မတ်လ ၂၃ ရက် ည ၉:၃၀ နာရီ)

Most Read

Most Recent