ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ ရွှေဖြူ ရော်ဘာကုန်ထုတ် အကျဉ်းစခန်း တာဝန်ခံ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ ရွှေဖြူ ရော်ဘာကုန်ထုတ် အကျဉ်းစခန်း တာဝန်ခံ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 1 May 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာ ကုန်ထုတ်အကျဉ်းစခန်း တာဝန်ခံဖြစ်သူ လက်ထောက်ညွန်ကြားရေးမှူး ဦးစင်းအောင် မှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဦးစင်းအောင် မှာ ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း နှင့် ဧပြီလ ၂၉ ရက် နံနက် ၁၁ နာရီခွဲခန့်က ၎င်းနေအိမ်တွင်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သေနတ်နဲ့ ပစ်ခတ်သွားတဲ့သူတွေက သူ့ (ဦးစင်းအောင်) စားသောက်ဆိုင်မှာ စားသောက်ပြီးမှ သေနတ်နဲ့ပစ်သွားတာ။ ပိုက်ဆံတောင် မရှင်းသွားဘူးလို့ သိရတယ်ဟု ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဦးစင်းအောင် မှာ နောက်ကျောတွင် ကျည်ဖောက် ဝင်ဒဏ်ရာများဖြင့် အခင်း ဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ပြီးခဲ့သည့် ဧပြီ ၁၈ ရက်ကလည်း နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ငြိမ်း မှာလည်း သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သေးကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည် ဧပြီလအတွင်း မွန်ပြည်နယ်၌ ပစ်ခတ်မှုကြောင့် အမျိုးသား (၁၅) ဦး သေဆုံးခဲ့ကာ၊ အမျိုးသား (၂) ဦး နှင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent