မူဆယ်မြို့တွင် ဆရာဝန်တစ်ဦး ရိုက်နှက်ဖမ်းဆိီး၍ ပြန်ပေးဆွဲခံရပြီး မူဆယ်မြို့၌ နေ့စဉ်နီးပါး ပြန်ပေးဆွဲ ငွေညှစ်ခံရမှုဖြစ်စဉ်များရှိနေကြောင်း ‌ဒေသခံများပြောကြား

မူဆယ်မြို့တွင် ဆရာဝန်တစ်ဦး ရိုက်နှက်ဖမ်းဆိီး၍ ပြန်ပေးဆွဲခံရပြီး မူဆယ်မြို့၌ နေ့စဉ်နီးပါး ပြန်ပေးဆွဲ ငွေညှစ်ခံရမှုဖြစ်စဉ်များရှိနေကြောင်း ‌ဒေသခံများပြောကြား
Published 10 April 2024

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်  မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက် ဗိုလ်တဲရိပ်သာ သွားလမ်းရှိ ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးသည် လူနာများကို ဆေးကုသမှု ပေးနေစဉ် ဧပြီ ၉ ရက် ညနေ ၅ နာရီက လူတစ်စု သေနတ်ပြ  ရိုက်နှက်ဖမ်းဆီးပြီး  ပြန်ပေးဆွဲ ခံခဲ့ရပြီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရပြီး မူဆယ် မြို့အတွင်း၌ နေ့စဉ်နီးပါး ပြန်ပေးဆွဲ ငွေညစ်ခံနေရကြောင်း မူဆယ်မြို့နေ ဒေသခံ များ၏ ပြောကြားချက်အရသိရသည်။

“ဆရာက အထဲမှာ လူနာတစ်ဦးကို ဆေးထိုးဆေးသွင်းကုသနေတုန်း သေနတ် ကိုင်ဆောင်ထားသူ အရပ်ရှည်တဲ့လူ လေးဦး က  ကားပေါ်ကားဆင်းလာပြီး လူသုံးဦးက ဆေးကုသခန်းထဲရှိဆရာကို သေနတ်ပြ ရိုက် နှက်ဖမ်းဆီးသွားတာ၊ လိုက်ကာအနောက်မှာ ရှိတဲ့ သူကိုငြိမ်ငြိမ်နေဆိုပြီး သေနတ်ပြ ခြိမ်း ခြောက်သွားတယ်” ဟု ဆေးကုသမှုခံယူရန် သွားခဲ့သူတစ်ဦးက Eleven Media သို့ပြောကြားသည်။

 အဆိုပါပြန်ပေးဆွဲခံရသူ ဆရာဝန်ဆိုသူ မှာ ဒေါက်တာမိုးကျော်နိုင်ဖြစ်ပြီး ၎င်းသည်   MMA မူဆယ်မြို့နယ်ဆရာဝန်အသင်းဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူဖြစ်ကာ မူဆယ်မြို့နယ် လူထုအတွက် တီဘီရောဂါတိုက်ဖျက်ရေးတွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့သူ လည်း ဖြစ်သည်။

“မနေ့ညနေ ၅ နာရီလောက်က ဖြစ်တာ အခုအချိန်ထိ ဆက်သွယ်လို့မရသေးဘူး၊ ကျွန်မလည်း အကျိုးအကြောင်းသိချင်နေတာပါ” ဟု  ဒေါက်တာမိုးကျော်နိုင်၏ ဇနီးဖြစ်သူ က ပြောကြားပြီး ၎င်းကိုပြန်ပေးဆွဲခေါ်သွားသည်မှာ မည်သည့် အဖွဲ့အစည်းနှင့် မည် သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို လည်း မသိရသေးသည့်အတွက် မိသားစုနှင့် ဆွေမျိုးများက စိုးရိမ်နေကြကြောင်း သိရသည်။

ယခုကဲ့သို့ မူဆယ်မြို့လယ်ကောင်ရှိ ဆေးခန်း အပါအဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင် နေသူများ၊စီးပွား ရေးလုပ်ငန်းရှင်များ အပါ အဝင် စျေးသည်များ၊ ကားရေဆေးဆိီလိုက် နှင့် လမ်းဘေးကွမ်းယာသည်များပါမကျန် နေ့စဉ်နီးပါး လက်နက်ကိုင် ဆောင်ထားသည့် လူတစ်စု တစ်ဖွဲ့များက ၂ မိုင်ပတ်လည်ကျော် သာ ရှိသော မူဆယ်မြို့ပေါ်ရှိ ဒေသခံပြည်သူ များထံ အွန်လိုင်းစာပို့ ငွေညှစ်တောင်းခံခြင်း၊ လက်ပစ်ဗုံးပို့ကာ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ငွေ မပေးသူများကို သေနတ်ပစ်ခတ် ဖမ်းဆီးခြင်း၊ ဓားပြတိုက်မှု နှင့် လူပြန်ပေးဆွဲမှုများကို ၂၀၂၀ ခုနှစ် ဖေ ဖော်ဝါရီလ နောက်ပိုင်းမှစ၍ ယခုနှစ် ၂၀၂၄ ခုနှစ် ဧပြီလ ဆန်းပိုင်းအထိ ခပ်စိပ်စိပ် ပြောင် ကျကျရာဇဝတ်မှုများကျူးလွန် လုပ်ဆောင် လာခြင်းကြောင့် မြို့ပေါ်တွင် လုံခြုံမှု လုံးဝ မရှိတော့ဘဲ ဒေသခံပြည်သူများမှာ လူမှုဘဝ လုံခြုံချမ်းမြေ့ ရှင်သန်ရပ်တည်နိုင်ရန် စိန် ခေါ်မှုများကြုံနေရကြောင်း မူဆယ်မြို့မိမြု့ဖ များက ပြောကြားသည်။

“ကျွန်တော်တို့ မြို့ ခံများအပြင် တိုင်း ရင်းသား တွေအချို့ မူဆယ်မြို့ကို ချစ်လျက်နဲ့ စွန့်ခွါပြီး မြန်မာနိုင်ငံအရပ်ရပ်ကို ပြောင်းရွှေ့ နေ ထိုင်နေရတယ်၊ နယ်စပ်မြို့ဖြစ်တာကတစ် ကြောင်း၊ ရွှေ့ပြောင်းလုပ်သားအများစု လာ ရောက်နေထိုင်နေတာကတစ်ကြောင်း၊ ဖြစ် ပေါ်နေသော ပကတိ နိုင်ငံရေး စစ်ရေးအခြေ အနေအရပ်ရပ်ကြောင့်ရယ်  အွန်လိုင်းလိမ် လည် ဂိုဏ်း‌တွေ၊ လောင်းကစားရုံတွေ ၊ မူးယစ် ဆေးဝါးနဲ့လက်နက်အရောင်းအဝယ် အလွယ် တကူ လုပ်ဆောင်နေတာကြောင့် မူဆယ်မြို့ မှာ နေစဉ်ရက်ဆက် နီးပါး မူဆယ်ဒေသခံများ အပေါ် ရာဇဝတ်မှုများ ကျူးလွန်ခြင်းခံရခြင်း နေကြောင့် မူဆယ်ဒေသခံများမှာ လူမှုဘဝ လုံခြုံချမ်းမြေ့ ရှင်သန်ရပ်တည်နိုင်ရန် စိန်ခေါ် မှုများ ကြုံနေရသည်” ဟု မူဆယ် မြို့မိမြို့ဖ တစ်ဦး က Eleven Media သို့ပြောကြားသည်။

မူဆယ်မြို့၌ လက်နက်ကိုင် အယောင် ဆောင်အဖွဲ့များက မြို့နေလူထု အကြောက် တရားပိုစေရန် မြို့ပြပျောက်ကျားအဖွဲ့ ဟု လည်းကောင်း၊ မြို့တွင်းတော်လှန်သော အုပ်စု အဖွဲ့  (MRTTD) နှင့် မူဆယ် PDF အ ယောင်ဆောင်အဖွဲ့ (MSPDF) စသည့် နာမည် အ မျိုးမျိုးဖြင့် လည်းကောင်း အမည်များ ကို လိမ်လည်ရေးသားကာ မူဆယ်မြို့နေ ဒေသခံပြည်သူများထံ we chat, viber သည့် အွန်လိုင်းစာပို့ ငွေညှစ်တောင်းခံခြင်း၊ လက်ပစ်ဗုံးပို့ကာ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးမပေးသူများကို သေနတ်ပစ်ခတ် ဖမ်းဆီးခြင်း၊ ဓားပြတိုက်မှု နှင့် လူပြန်ပေးဆွဲမှုများကို ခပ်စိပ်စိပ် လုပ် ဆောင်လာခြင်းကြောင့် လုံခြုံရေး စိုးရိမ်ပူပန် ရကြောင်း မူဆယ်ဒေသခံများက ပြောကြား သည်။

Most Read

Most Recent