မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတား အမှတ် ၁ မှ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွားလာခွင့် ရပ်ဆိုင်း

မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတား အမှတ် ၁ မှ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွားလာခွင့် ရပ်ဆိုင်း
■ ပုံစာ - မြဝတီ-မဲဆောက်  အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး စောင့်ဆိုင်း နေသူများကို တွေ့ရစဉ်။
■ ပုံစာ - မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး စောင့်ဆိုင်း နေသူများကို တွေ့ရစဉ်။
Published 21 April 2024

မြန်မာ - ထိုင်း နယ်စပ် မြဝတီ-မဲဆောက်  ချစ်ကြည်ရေးတံတား အမှတ် ၁ မှ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ဖြတ်သန်းခွင့်အား  ဧပြီ ၂၁ ရက် (ယနေ့) နံနက်ပိုင်းမှ စတင်ကာ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း  သိရသည်။

 မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) မှ ယာယီ ဖြတ်သန်းခွင့် (Temporary Boder Pass) လက်မှတ်နှင့် Boder Pass စာအုပ်တို့ဖြင့်ဖြတ်သန်းခွင့်အား ယနေ့ နံနက်ပိုင်းမှစတင်ပြီး ရပ်ဆိုင်းထားကြောင်း တံတား၌ တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောကြားသည်။

"ဖြတ်သန်းခွင့်စာအုပ် ရှိသူတွေလည်း တုံးထုပြီးမှ သွား မရတော့တာပါ၊ တံတားကဖွင့်ထားတယ်။ ၇ ရက် ယာယီ ဖြတ်သန်းခွင့်စာရွက်လည်း မထုတ်ပေးတော့ဘူး။ ထိုင်းဘက်က ပေး မဝင်ဘူးလို့ ပြောပါတယ်။  Passpot နဲ့တော့  ဖြတ်လို့ရပါတယ်ဟု "ချစ်ကြည်ရေးတံတား အဝင်တံခါးကို ဖွင့်/ပိတ် ပြုလုပ်ပေးနေသူ တစ်ဦးက ပြောကြားသည်။

မြန်မာ - ထိုင်း ချစ်ကြည်‌ရေးတံတားအမှတ် (၂) တံတား အနီးဝန်းကျင်တွင်ဖြစ်ပွားခဲ့သော  တိုက်ပွဲကြောင့် ကုန်စည်သယ်ယူပို့ဆောင်သည့် အမှတ်၂ ချစ်ကြည်ရေး တံတားအား ဖြတ်သန်းခွင့်‌ပိတ်ထားကြောင်း သိရသည်။

မြဝတီမြို့ အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မြဝတီ ဒေသခံများမှာ ထိုင်းနိုင်ငံဘက်သို့ နီးစပ်ရာ ဂိတ်များမှတစ်ဆင့် စစ်ဘေးရှောင်ကြသော်လည်း ထိုင်းဘက်ကမ်းက ဝင်ခွင့်မပြု၍ မြန်မာဘက်ကမ်းတွင် ညအိပ်ခဲ့ရသူ ထောင်နှင့်ချီရှိသည်ဟု စစ်ဘေးရှောင်တစ်ဦးကပြောကြားသည်။

"မနေ့ မနက် က ရေပူဘက်ကလူတွေက ထိုင်းဘက်ကို ကူးလို့ရသွားတယ်၊၉၉၉ ဂိတ်အပါအဝင် ၁၂ ဂိတ်၊၁၃ ဂိတ်က လူတွေက ကူးမရဘူး။ ထိုင်းစစ်တပ်က ပေးမတက်တာပါ။ မြန်မာဘက်ကမ်းမှာ အစ်မတို့ ညအိပ်ခဲ့ ရတယ်၊"ဟု မြဝတီမြို့ ဒေသခံ တစ်ဦးက ပြောကြားသည်။

Most Read

Most Recent