Miss Universe ပြိုင်ပွဲတွင် သဘင်မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီးဂါဝန်ကို တွဲဖက်ဝတ်ဆင်မည့် ဒီဇိုင်းအား သဘင်အစည်းအရုံးက ပြင်းထန်စွာကန့်ကွက်

Miss Universe ပြိုင်ပွဲတွင် သဘင်မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီးဂါဝန်ကို တွဲဖက်ဝတ်ဆင်မည့် ဒီဇိုင်းအား သဘင်အစည်းအရုံးက ပြင်းထန်စွာကန့်ကွက်
Published 17 March 2024

■ Miss Universe ပြိုင်ပွဲတွင် သဘင်မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီးဂါဝန်ကို တွဲဖက်ဝတ်ဆင်မည့် ဒီဇိုင်းအား သဘင်အစည်းအရုံးက ပြင်းထန်စွာကန့်ကွက်

Miss Universe ပြိုင်ပွဲတွင် သဘင်မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီးဂါဝန်ကို တွဲဖက်ဝတ်ဆင်မည့် ဒီဇိုင်းအား မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ပြင်းထန်စွာကန့်ကွက်‌ကြောင်း သတင်း ထုတ်ပြန်သည်။

လူမှုကွန်ရက်စာမျက်နှာ၊ FAE: Fashion & Artistry Exhibition Page တွင် မတ် ၁၆ရက်က တင်ထားသည့် Post များ၌- ၂၀၂၄ ခုနှစ်၊ မက်ဆီကိုနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Universe ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်ရန် တီထွင်ချုပ်လုပ်ထားသည်ဆိုသော ဝတ်စုံ ဖန်တီးမှုဟုဆိုကာ မော်ဒယ် စင်ဒီမြတ်မှ ဝတ်ဆင်ပြသထားပြီး ဒီဇိုင်နာ ခင်စုစုအောင်၏ ဒီဇိုင်းပုံကြမ်းများကို တွေ့ရှိရသည်ဟု သဘင်အစည်းအရုံးက ထုတ်ပြန်သည်။

ဝတ်ဆင်မည့်ဒီဇိုင်းမှာ မြန်မာ့ဇာတ်သဘင် ဇာတ်မင်းသား၏ ပုံရိပ်ကို ကူးယူထားသည်ဟု ရေးသားဖော်ပြထားကြောင်း၊အဆိုပါ ဒီဇိုင်း နှင့် ဝတ်ဆင်မှုသည်မြန်မာ့ဇာတ်သဘင်တွင် အမြတ်တနိုး အလေးအနက်ထားရသော သဘင်မင်းသား ခေါင်းပေါင်းနှင့် အမျိုးသမီး ဂါဝန်ကို တွဲဖက်ထားခြင်း၊ ရိုးရာ သဘင်မင်းသား ‌ခေါင်းပေါင်း ပေါင်းပြီး ရင်သားဖော်ကာ ချုပ်လုပ် ဝတ်ဆင်ထားခြင်း တို့သည်မည်သို့မျှ မသင့်တော် မအပ်စပ်သည့် အပြင်၊ မြန်မာ့ ဇာတ်သဘင် ယဉ်ကျေးမှုကို ထိပါး စော်ကားရာ ရောက်နေသည်ဟု မြန်မာနိုင်ငံသဘင်အစည်းအရုံးက ထုတ်ပြန်သည်။

အဆိုပါဝတ်စုံအား ထပ်မံ၍ ဝတ်ဆင် ဖော်ပြခြင်းနှင့် နိုင်ငံ့ ကိုယ်စားပြုယှဉ်ပြိုင်မည့် Miss Universe ပြိုင်ပွဲတွင် ဝတ်ဆင်ခြင်းတို့အား မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ပြင်းထန်စွာ ရှုံ့ချ၍ အလေးအနက် သတိပေးတားမြစ်သည်ဟု သဘင်အစည်းအရုံးက ထုတ်ပြန်သည်။

သတိပေးတားမြစ်ချက်အား လိုက်နာခြင်း မရှိပါက မြန်မာနိုင်ငံ သဘင်အစည်းအရုံး၏ သဘင် စည်းမျဉ်းစည်းကမ်းများ၊ မြန်မာ့ ယဉ်ကျေးမှု စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ထုတ်ပြန်သည်။

Most Read

Most Recent