လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့်ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော ဒေါ်လာ ၉၉၄ သန်း တောင်းခံထားရာတွင် လေးရာခိုင်နှုန်းသာ ရရှိသေးဟု UNOCHA ထုတ်ပြန်

လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့်ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော ဒေါ်လာ ၉၉၄ သန်း တောင်းခံထားရာတွင် လေးရာခိုင်နှုန်းသာ ရရှိသေးဟု UNOCHA ထုတ်ပြန်
ကရင်ပြည်နယ် သင်္ကန်းညီနောင်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးနေစဉ်
ကရင်ပြည်နယ် သင်္ကန်းညီနောင်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးနေစဉ်
Published 6 April 2024

လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက် များနှင့် တုန့်ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော ဒေါ်လာ ၉၉၄ သန်းတောင်းခံ ထားရာတွင် လေးရာခိုင်နှုန်းသာရရှိသေးဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ ရေးရုံး UNOCHA က ထုတ်ပြန်သည်။

ရန်ပုံငွေထောက်ပံ့မှုမရှိခြင်းကြောင့် တုံ့ ပြန်ဆောင်ရွက်ရေးအစီအစဉ်များကို အလုပ် မတွင်ဖြစ်စေကြောင်း၊ ၂၀၂၄ ခုနှစ် လူသား ချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့် ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော အမေရိကန် ဒေါ်လာ ၉၉၄ သန်းတောင်းခံ ထားရာတွင် နှစ်တစ်နှစ်၏သုံးလတာကုန်ဆုံး ချိန်အထိ ၄ ရာခိုင်နှုန်းသာ ရန်ပုံငွေ ရရှိသေး ကြောင်း၊ လိုအပ်နေသော လူဦးရေ ၅ ဒသမ ၃ သန်းကို ကူညီရန်နှင့် ပြတ်လပ်နေသော ရိက္ခာများကို မုန်တိုင်းရာသီအကြိုဖြည့်ဆည်း သွားရန် ထပ်လောင်းအားဖြည့်ရမည့် ရန်ပုံငွေ အရင်းအမြစ်များ အရေးပေါ်လိုအပ်နေ ကြောင်း UNOCHA က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေး နေရသူအရေအတွက်မှာ စံချိန်တင်မြင့်တက် လျက်ရှိပြီး အိုးအိမ်စွန့်ခွာရသူ ၂ ဒသမ ၅ သန်းကျော် အပါအဝင် လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပြီးဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ကြားဖြစ်ပွားဆဲ တိုက်ပွဲများကြောင့် အရပ် သားပြည်သူများမှာ ပဋိပက္ခဒဏ်ကိုဆက်လက် ခံစားနေကြရပြီး တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုအန္တရာယ်ပိုမိုမြင့်တက် လျက်ရှိ ကာ ရှိရင်းစွဲ အခြေအနေကပင်ဆိုးရွားလျက် ရှိသောလူသားချင်းစာနာမှုဆိုင်ရာ လိုအပ် ချက်များကို ပိုမိုဆိုးရွားလာစေသည်ဟု UNOCHA က ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့ပြင် အပူပြင်းဆုံးရာသီဝင်လာပြီဖြစ် သဖြင့် ရခိုင်ပြည်နယ်ရှိ အိုးအိမ်စွန့်ခွာရသူများ စွာတို့သည် သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ လေပြင်းမုန်တိုင်း ရာသီအမီ အမိုးအကာထောက်ပံ့ကူညီမှုပေး ရန် အရေးကြီးနေပြီး နေရာများစွာတို့၌ ကုန် စျေးနှုန်းများခေါင်ခိုက်လာခြင်းနှင့် ဝယ်မရ ဖြစ်လာခြင်းတို့ကြောင့် စားနပ်ရိက္ခာမဖူလုံ ခြင်းမှာလည်း လွန်စွာရတက်မအေးစရာ ဖြစ် နေသည်ဟု UNOCHA က ထုတ်ပြန်သည်။

အလားတူ ကချင်ပြည်နယ်၌ ကချင် လွတ်မြောက်ရေးတပ်မတော်က မတ် ၇ ရက် ထိုးစစ်စတင်ခဲ့စဉ်မှစ၍ လူဦးရေ ၁၈၀၀၀ ကျော်သည် ၁၀ မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်လျက်ရှိသည်ဟု UNOCHA က ထုတ်ပြန်သည်။

Most Read

Most Recent