အလုပ်ရှင်မှ အမှန်တကယ်ခေါ်ယူခြင်းမရှိသည့် Demend Letter များကို ဦးစီးဌာနသို့ တင်ကာ ငွေကြေးလိမ်လည်ကောက်ခံနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများရှိနေပြီး တွေ့ရှိပါက ထိရောက်စွာအရေးယူမည်

အလုပ်ရှင်မှ အမှန်တကယ်ခေါ်ယူခြင်းမရှိသည့် Demend Letter များကို ဦးစီးဌာနသို့ တင်ကာ ငွေကြေးလိမ်လည်ကောက်ခံနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများရှိနေပြီး တွေ့ရှိပါက ထိရောက်စွာအရေးယူမည်
Published 19 March 2024

အလုပ်ရှင်မှ အမှန်တကယ်ခေါ်ယူခြင်းမရှိသည့် Demend Letter များကို ဦးစီးဌာနသို့ တင်ကာ ငွေကြေးလိမ်လည်ကောက်ခံနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများရှိနေပြီး တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် Safe Migration က ထုတ်ပြန်သည်။

ဝန်ကြီးဌာနအနေဖြင့် မှန်မှန်ကန်ကန်တင်ပြလာသည့် အလုပ်ခေါ်စာများ၊ OWIC ပြုလုပ်ခွင့်များကို အမြန်ဆုံး စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်မှ အမှန်တစ်ကယ်ခေါ်ယူမည်မဟုတ်သည့် Demend Letter များကို ဦးစီးဌာနသို့တင်ပြီး ငွေကြေးလိမ်လည်ကောက်ခံနေသည့်အေဂျင်စီများကို စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်ဟု ထုတ်ပြန်သည်။

အေဂျင်စီအချို့မှာ ဦးစီးဌာနကို Demand letter တင်ပြီး ဦးစီးဌာနမှ သက်ဆိုင်ရာသံရုံးကို စိစစ်ရန်ပေးပို့ချိန်တွင် စိစစ်ခံမှုမရှိခြင်း၊ ထောက်ခံချက်သွားမယူခြင်းများရှိနေကြောင်း၊ သို့သော်လည်း ဦးစီးဌာနမှ သက်ဆိုင်ရာသံရုံးသို့ အကြောင်းကြားသည့်စာအား အေဂျင်စီသို့ မိတ္တူပေးပို့သည်ကို အခွင့်ကောင်းယူကာ အလုပ်သမားများထံမှ ဝန်ဆောင်ခများ ကောက်ခံခြင်း၊ အလုပ်သမားများမှ ‌အချိန်မီပြည်ပမထွက်ခွာရ၍ အေဂျင်စီထံဆက်သွယ်ရာတွင် ဦးစီဌာနမှ ခွင့်မပြုသေး၍ မစေလွှတ်နိုင်သည့်ပုံစံဖြင့် လွှဲချခြင်း စသည့်အပြုအမူများ လုပ်ဆောင်နေသည်ကို စိစစ်တွေ့ရှိရကြောင်း၊ အထူးသဖြင့် မလေးရှား Demend Letter များတွင် ဖြစ်နေသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အေဂျင်စီလိုင်စင် ခွင့်ပြုထုတ်ပေးထားခြင်းသည် ပြည်သူများအပေါ် ပြည်ပသို့ သွားရောက်မည့်သူများအပေါ် လိမ်လည်လှည့်ဖြားရန်အတွက် မဟုတ်ပါကြောင်း၊ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများရှာဖွေပေးပြီး အလုပ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေ၍ ဝန်ဆောင်ခများရယူကာ ကုသိုလ်လည်းရ ဝမ်းလည်းဝစေရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent