အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အင်ဒိုနီးရှား ၁၃ ဦး၊ သီရိလင်္ကာ ၁၅ ဦးအပါအဝင် နိုင်ငံခြားသား အကျဉ်းသား ၃၆ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု

အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အင်ဒိုနီးရှား ၁၃ ဦး၊ သီရိလင်္ကာ ၁၅ ဦးအပါအဝင် နိုင်ငံခြားသား အကျဉ်းသား ၃၆ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု
Published 17 April 2024

အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦး၊ သီရိလင်္ကာနိုင်ငံသား ၁၅ ဦးအပါအဝင် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၃၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ယနေ့(ဧပြီ ၁၇ ရက်)၊ မြန်မာနှစ်ဆန်းတစ်ရက်တွင် အမိန့်များထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကာင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း

အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးနှင့် သီရိလင်္ကာနိုင်ငံသား ၁၅ ဦးကိို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၀၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နစက၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်တွင်ပါရှိသည်။

အလားတူ အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ရှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၁၀၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နစက၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်တွင် ဖော်ပြထားသည်။

Most Read

Most Recent