အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က ၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်သွားမည့် မဟာဗျူဟာမြောက်အစီအစဉ်များ မိတ်ဆက်ရှင်းလင်းခြင်းနှင့် မိတ်ဖက်လေကြောင်းလိုင်းဖြစ်သည့် AIR KBZ လေကြောင်းလိုင်းကို မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲသတ်မှတ်ခြင်းအခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က ၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်သွားမည့် မဟာဗျူဟာမြောက်အစီအစဉ်များ မိတ်ဆက်ရှင်းလင်းခြင်းနှင့် မိတ်ဖက်လေကြောင်းလိုင်းဖြစ်သည့် AIR KBZ လေကြောင်းလိုင်းကို မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲသတ်မှတ်ခြင်းအခမ်းအနား ကျင်းပ
Published 9 March 2024

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်သွားမည့် မဟာဗျူဟာမြောက် အစီအစဉ်များ အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် မိတ်ဖက်လေကြောင်းလိုင်းဖြစ်သည့် AIR KBZ လေကြောင်း လိုင်းအား မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲသတ်မှတ်ခြင်း အခမ်းအနားအား မတ် ၈ ရက်က ရန်ကုန်မြို့ရှိ lotte hotel တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနား၏ ရည်ရွယ်ချက်မှာ MAI က၂၀၂၄ ခုနှစ်အတွက် ရည်မှန်းချက် ကြီးမား သော ကွန်ရက်ချဲ့ထွင်မှုအစီအစဉ်ကို ထုတ်ဖော် ပြသရန်ဖြစ်ပြီး ပိုမိုကောင်းမွန်သော  ဝန်ဆောင် မှုများနှင့် မြန်မာ့ခရီးသွားလုပ်ငန်းကို ပိုမိုအား ကောင်းလာစေရန် ရည်ရွယ်သည့် ပူးပေါင်း ဆောင်ရွက်မှုများအကြောင်း တင်ဆက်ပြသရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ MAI ၏ မိတ် ဖက်များ၊ မီဒီယာကိုယ်စားလှယ်များ၊ ခရီးသွား အေးဂျင့်များနှင့် MAIနှင့် mingalar  စီမံခန့်ခွဲ မှုအဖွဲ့များမှ အဖွဲ့ဝင်များအပါအဝင် ဧည့်သည် တော်များတက်ရောက်ခဲ့ကြောင်း သိရသည်။

“လက်ရှိမှာ စိန်ခေါ်မှုများစွာရှိနေပေမယ့် MAI အနေနဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ် ကွန် ရက်ကို ထပ်မံတိုးချဲ့သွားမှာ ဖြစ်ပါတယ်။ ကျွန် တော်တို့ MAI ပျံသန်းနေတဲ့ ပြည်ပခရီးစဉ် အရေတွက် ၂၁ ထိ တိုးမြင့်လာနိုင်မှာဖြစ်တဲ့ ခရီးစဉ်သစ်တွေအနေနဲ့ မကြာမီမှာပဲ ချင်းမိုင်၊ ဗီယမ်ကျင်း၊ ဒါကာ နဲ့ ဒိုဟာမြို့တွေဆီကိုစတင် ပျံသန်းတော့မှာ ဖြစ်ပါတယ်။ အခုလို ထပ်မံပြေး ဆွဲမယ့် ခရီးစဉ်သစ်တွေက ခရီးသည်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို များစွာအကျိုးပြုမယ် လို့ ယုံကြည့်ပါတယ်ဟု MAI ၏ Acting Chief Executive Officer and Chief Commercial Officer ဖြစ်သူ Mr.Tanes Kumar က ပြော ကြားသည်။

ယင်းနောက် MAI လေကြောင်းလိုင်းသည် ၎င်း၏ Subsidiary ,Air KBZ  အား ယခုအခါ Mingalar Aviation Services(Mingalar) ဟု အမည်ပြောင်းလဲလိုက်ကြောင်းကို တစ်ပြိုင် နက် ထုတ်ဖော်ပြောကြားခဲ့သည်။  အဆိုပါအ ခမ်းအနားတွင် MAI လေကြောင်းလိုင်းအနေ နှင့် ATOM နှင့် တွဲဖက်အမှတ် သဘောတူညီ ချက်တစ်ခုကို ကြေညာခဲ့ပြီး အဆိုပါပွဲစဉ်အ တွင်း တွဲဖက် Tourism SIM တစ်ခုကို စတင် မိတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ အဆို ပါလုပ်ဆောင်မှုသည် မြန်မာနိုင်ငံတွင်း  သင့် တင့်သော စျေးနှုန်းများနှင့် ကမာ့အဆင့်မီ ဖုန်း ခေါ်ဆိုမှုအရည်အသွေးတို့ဖြင့် ခရီးသည်များကို ထောက်ပံ့ပေးရန် ရည်ရွယ်ပြီး အကန့်အသတ် မရှိစနစ်နှင့် အချက်အလက်များကို တစ်စုတစ် စည်းတည်း ထားရှိထားပြီး MAI လေယာဉ်များ ပေါ်တွင် အဆိုပါ  Sim ကဒ်အား လွယ်ကူစွာ ဝယ်ယူနိုင်ပြီး MAI ၏ Passenger Sales Agents များထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ် ကြောင်း သိရသည်။

Most Read

Most Recent