ချယ်လ်ဆီးနောက်ခံလူ ကော်ဝဲလ်အား ခေါ်ယူရန် PSG အသင်း စိတ်ဝင်စား

ချယ်လ်ဆီးနောက်ခံလူ ကော်ဝဲလ်အား ခေါ်ယူရန် PSG အသင်း စိတ်ဝင်စား
Photo: PSG Talk
Photo: PSG Talk
Published 27 April 2024

 

PSG အသင်းသည် ချယ်လ်ဆီးနောက်ခံလူ ကော်ဝဲလ်အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း CBS သတင်းဌာနက ဖော်ပြခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ် ဝင်ငွေ၊ ထွက်ငွေစည်းမျဉ်းနှင့် ကိုက်ညီမှု ရှိစေရန်အတွက် လာမည့်နွေရာသီတွင် အသင်းရှိ ကစားသမားများကို ရောင်းထုတ်သွားရန် စီစဉ်နေကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်း ရောင်းထုတ်မည့်ကစားသမားများစာရင်းတွင် အငှားချထားသည့် ဘရိုဟာ၊ မက်စတန်တို့အပြင် ကွင်းလယ်ကစားသမား ဂယ်လာဂါနှင့် နောက်ခံလူ ကော်ဝဲလ်တို့လည်း ပါဝင်နေကြောင်း သတင်းထွက်ပေါ်နေသည်။ 

အသက် ၂၁ နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ ကော်ဝဲလ်အား ခေါ်ယူရန် PSG အသင်း အပြင် ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

ကော်ဝဲလ်၏ လက်ရှိစျေးကွက်ပေါက်ကြေးမှာ ယူရိုသန်း ၅၀ ဖြစ်ကြောင်း Transfermarkt က ဖော်ပြခဲ့သည်။ 

Most Read

Most Recent