ဥရောပပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးခဲ့လျှင်ပင် လာမည့်ရာသီတွင် နယူးကာဆယ်အသင်းနည်းပြအဖြစ် အက်ဒီဟောင်း ဆက်ရှိမည်

ဥရောပပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးခဲ့လျှင်ပင် လာမည့်ရာသီတွင် နယူးကာဆယ်အသင်းနည်းပြအဖြစ် အက်ဒီဟောင်း ဆက်ရှိမည်
Photo : Getty Images
Photo : Getty Images
Published 14 March 2024

နယူးကဆယ်နည်းပြ အက်ဒီဟောင်းအနေဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့်ဆုံးရှုံးလျှင်ပင် လာမည့်ရာသီတွင် အသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း The Telegraph သတင်းစာက ဖော်ပြခဲ့သည်။

နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈)အပြီးတွင် ရမှတ် (၄၀)မှတ်သာ ရရှိထားပြီး အဆင့် (၁၀)၌ ရပ်တည်နေသည်။

နယူးကာဆယ်အသင်းအနေဖြင့် ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲဝင်ခွင့်ရမည့် အဆင့် (၆)နေရာမှ မန်ယူအသင်း (၄၇ မှတ်)နှင့်ပင် (၇) မှတ်အထိ ကွာဟနေသည်။ ထို့ကြောင့် နယူးကာဆယ်အသင်း၏ ရလဒ်ဆိုးရွားမှု များနှင့်အတူ အသင်းနည်းပြ အက်ဒီဟောင်း၏အနာဂတ်မှာလည်း လှုပ်ခတ်လာပြီဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

သို့သော် The Telegraph ၏ ဖော်ပြချက်အရ နယူးကာဆယ်အသင်းပိုင်ရှင်များသည် အက်ဒီဟောင်း အပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း သိရသည်။ အသက် (၄၆)နှစ်အရွယ်ရှိ အက်ဒီဟောင်းသည် နယူးကာဆယ် အသင်းကို ၂၀၂၁ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့်ရာသီက ချန် ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင် ပေးထားသူဖြစ်သည်။

ထို့ကြောင့် နယူူးကာဆယ်ပိုင်ရှင်များအနေဖြင့် အက်ဒီဟောင်းသည် အသင်းကို အောင်မြင်မှုများ ရယူပေးနိုင်မည်ဟု ယုံကြည်နေကြောင်း သိရှိရသည်။

Most Read

Most Recent