လာမည့်နွေရာသီ၌ ပေါင်(၂)ဘီလီယံဝန်းကျင် သုံးစွဲရန် ဆော်ဒီလိဂ် စီစဉ်

လာမည့်နွေရာသီ၌ ပေါင်(၂)ဘီလီယံဝန်းကျင် သုံးစွဲရန် ဆော်ဒီလိဂ် စီစဉ်
Photo: SPORTbible
Photo: SPORTbible
Published 1 May 2024

 

ဆော်ဒီလိဂ်သည် လာမည့်နွေရာသီ၌ ဥရောပမှ နာမည်ကျော်ထိပ်တန်းကစားသမားများကို ထပ်မံခေါ်ယူရန် စီစဉ်နေရာ ပေါင်(၂)ဘီလီယံဝန်းကျင်အထိ သုံးစွဲသွားရန် ဘတ်ဂျက်သတ်မှတ်ထားကြောင်း သိရသည်။ 

ဆော်ဒီလိဂ်တာဝန်ရှိသူများသည် ထိပ်တန်းကစားသမား အနည်းဆုံး(၆)ဦး ခေါ်ယူသွားရန် ရည်မှန်းထားပြီး ပစ်မှတ်ထားနေသည့် ကစားသမားများထဲတွင် မန်စီးတီးအသင်းမှ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားလည်း ပါဝင်ကြောင်း သိရသည်။ 

၎င်းတို့သည် ကစားသမားဘက်မှသာ လက်ခံခဲ့ပါက ပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)အထက် သုံးစွဲသွားရန် အသင့်ရှိနေပြီး မြင့်မားသည့် လက်မှတ်ထိုးကြေးနှင့် လစာနှုန်းထားများ ပေးချေသွားမည်ဟုလည်း သိရသည်။

Most Read

Most Recent