ကြယ်စင်စုအသင်းထက် ယခုအသင်းပိုကောင်းသည်ဟု ဂူတီဆို

ကြယ်စင်စုအသင်းထက် ယခုအသင်းပိုကောင်းသည်ဟု ဂူတီဆို
Photo: Eurofoot
Photo: Eurofoot
Published 4 April 2024

ရီးယဲလ်မက်ဒရစ်ဂန္ထဝင် ဂူတီက ၎င်းတို့လက်ထက်က ကြယ်စင်စုအသင်းထက် ယခုလက်ရှိအသင်းက ပိုကောင်းကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ၂၀၀၀ ပြည့်နှစ်ကျော်ကာလများက ရော်နယ်လ်ဒို၊ ဇီဒန်း၊ ဖီဂို၊ ဘက်ခမ်း၊ ရာအူးလ်၊ အိုဝင်၊ ကားလို့စ်၊ ဟီရာရို၊ ကာဆီးလက်စ်တို့ ဖြင့် ဂလက်တီကို(ကြယ်စင်စုအသင်း)ကို တည်ဆောက်ခဲ့ဖူးသည်။

သို့သော် ရီးယဲလ်အသင်းသည် အဆိုပါကြယ်စင်စုအသင်းဖြင့် လာလီဂါနှင့် ပြည်တွင်းဖလားများကို ရရှိခဲ့သော်လည်း ချန်ပီယံလိဂ်ဖလားကိုမူ ရယူနိုင်ခြင်း မရှိခဲ့ပေ။

ယခုအခါ ဂူတီက လက်ရှိအသင်းသည် ၎င်းတို့လက်ထက်က ကြယ်စင်စုအသင်းထက် ပိုကောင်းကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''အခုလက်ရှိအသင်းက ကြယ်စင်စုအသင်းထက် ပိုကောင်းပါတယ်။ အများကြီးကို ပိုကောင်းတာပါ။ အခုလက်ရှိ ရီးယဲလ်အသင်းရဲ့ လူစာရင်းက ကျွန်တော်ကစားခဲ့စဉ်က ကြယ်စင်စုအသင်းရဲ့လူစာရင်းထက် ပိုကောင်းပါတယ်။ အများကြီး ပိုကောင်းတာပါ''ဟု ဂူတီက ပြောကြားခဲ့သည်။