■ ချန်ပီယံဆုသည် မိမိတို့လက်ထဲတွင်ရှိသည်ဟု အယ်လ်ဗာရက်ဇ် ဆို     

■ ချန်ပီယံဆုသည် မိမိတို့လက်ထဲတွင်ရှိသည်ဟု အယ်လ်ဗာရက်ဇ် ဆို     
Photo: Getty Images
Photo: Getty Images
Published 26 April 2024

မန်စီးတီးအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က ပရီးမီးယားလိဂ်ချန်ပီယံဆုမှာ မိမိတို့လက်ထဲ တွင်ရှိသည်ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသော အာဆင်နယ်အသင်း(၇၇ မှတ်)နှင့် တစ်ပွဲလျော့ (၁)မှတ်ကွာဟသည်။ 

သို့သော် အယ်လ်ဗာရက်ဇ်က လက်ကျန်ပွဲတိုင်းကို အနိုင်ကစားနိုင်ခဲ့ပါက မိမိတို့ ချန်ပီယံဖြစ်ပြီဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ချန်ပီယံအခွင့်အရေးက ကျွန်တော်တို့ဆီမှာ ရှိနေပါတယ်။ ဒီအတွက်လည်း စိတ်လှုပ်ရှားနေပါတယ်"ဟု အယ်လ်ဗာရက်ဇ်ကပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃) နှစ်ဆက်တိုက် ရရှိထားပြီး ယခုရာသီတွင် ထပ်မံရရှိပါက ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲပြီးနောက် ချန်ပီယံဆုကို (၄) နှစ်ဆက်တိုက် ရယူနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ 

Most Read

Most Recent