ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် UEFA စိုးရိမ်နေ

ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် UEFA စိုးရိမ်နေ
Photo: UEFA
Photo: UEFA
Published 14 March 2024

မေလ(၂၂)ရက်၌ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် ယှဉ်ပြိုင်ကစားမည့် ယခုရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ လက်မှတ်မဲ့ပရိသတ်များသည် ပြဿနာတစ်ခုဖြစ်လာနိုင်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ပြောကြားခဲ့သည်။

ပရိသတ်အင်အားရှိသည့်ကလပ်များ ဗိုလ်လုပွဲသို့ တက်ရောက်လာလျှင် အားပေးသူများအတွက် နေရာချထားပေးရန်မှာ အထူးစိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း UEFA အထွေထွေအတွင်းရေးမှူး သီယိုဒေါ်ရီဒစ်က ဝန်ခံခဲ့သည်။

ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဒဗ္ဗလင်မြို့ရှိ Aviva Stadium တွင် ကျင်းပမည်ဖြစ်ပြီး ဘောလုံးပွဲများအတွက် ပရိသတ် (၅၁၇၁၁)ဦး ဝင်ဆံ့ကြောင်း သိရသည်။ 

၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရီးယဲလ် (၁-၀) လီဗာပူးလ်ပွဲမတိုင်မီ အလားတူ လက်မှတ်ပြဿနာ ပေါ်ပေါက်ခဲ့ပြီး UEFA က ပြန်လည်တောင်းပန်မှုများ ပြုလုပ်ခဲ့ရသည်။

Most Read

Most Recent