ဆန်ချို တစ်ဖန်မွေးဖွားခြင်း

ဆန်ချို တစ်ဖန်မွေးဖွားခြင်း
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 3 April 2024
Zay Yar Htun

ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ်မှာ ဒေါ့မွန်က ဘိုင်ယန်မြူးနစ်ကွင်းမှာ၂-၀ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့တယ်။ ဒါကြောင့်လည်း ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အဆင့် (၄)နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး အနီးဆုံး ပြိုင်ဘက် လိုက်ပ်ဇစ်ကို (၃)မှတ်အထိ ဖြတ်နိုင်ခဲ့တယ်။ ဆိုချင်တာက အဲဒီပွဲမှာ ပွဲထွက်လာတဲ့ ဒေါ့မွန်တောင်ပံ တိုက်စစ်ကစားသမား ဆန်ချိုအကြောင်း။ ဆန်ချိုက အဲဒီပွဲမှာ ဘိုင်ယန်မြူးနစ်ခံစစ်ကစားသမားတွေကို အရူးလုပ်သလို ကစားပြခဲ့တယ်။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသနိုင်ခဲ့တယ်။ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခြင်း မရှိပေမဲ့ ဆန်ချိုအနေနဲ့ အသင်းရဲ့ တောင်ပံတိုက်စစ်တွေမှာ ပုံစံကောင်းပြနိုင်ခဲ့တယ်။ ဒါကြောင့်လည်း ဒေါ့မွန်ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းတွေကို ဆန်ချို ခံခဲ့ရတယ်။ ပွဲပြီးတော့ ဆန်ချိုက သူ့ရဲ့ Instagram မှာ ၂၀၁၈ ခုနှစ် နောက်ပိုင်း ဘိုင်ယန်မြူးနစ်ကို ဒေါ့မွန်အသင်း ပထမဆုံးအနိုင်ရရှိတဲ့ Post တစ်ခုကို တင်ခဲ့ပါတယ်။

 

Most Read

Most Recent