ချယ်လ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗား အနာဂတ်အတွက် အချိန်ယူမည်

ချယ်လ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗား အနာဂတ်အတွက် အချိန်ယူမည်
Photo: YouTube
Photo: YouTube
Published 1 May 2024

 

ယခုရာသီကုန်တွင် ချယ်လ်ဆီးအသင်းမှ ထွက်ခွာတော့မည့် ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားသည် သူ၏အနာဂတ်အတွက် အချိန်ယူစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။ ဘရာဇီးလ်ကလပ် ဖလူမင်နန်ဆီအသင်းက သူ့အား ခေါ်ယူရန် စိတ်ဝင်စားနေပြီး တရားဝင်ကမ်းလှမ်းရန် ပြင်ဆင်ထားပြီးဖြစ်သည်။ 

သီယာဂိုဆေးလ်ဗားကမူ ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိသေးဘဲ မိသားစုနှင့် တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအနေဖြင့် ချယ်လ်ဆီးအသင်းသို့ Non-playing Role ဖြင့် ပြန်လာရန် စီစဉ်ထားပြီး ပြီးခဲ့သည့် ဇန်နဝါရီလကလည်း နိုင်ငံခြားမှ အလွန်ကောင်းမွန်သည့် ကမ်းလှမ်းမှုတစ်ခု ရရှိခဲ့သော်လည်း ချယ်လ်ဆီးအသင်းကို စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ ကူညီနိုင်ရန်အတွက် ယင်းကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။

သီယာဂိုဆေးလ်ဗားသည် ၂၀၂၀ ခုနှစ်က PSG အသင်းထံမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းအ တွက် စုစုပေါင်း  ၁၅၁ ပွဲအထိ ကစားပေးခဲ့သည်။ ၎င်းသည် ချယ်လ်ဆီးကစားသမားဘဝအတွင်း ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားသုံးလုံးကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ 

သီယာဂိုဆေးလ်ဗားသည် ယခုရာသီ၌မူ အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားထားပြီး ၂၅ ပွဲ ပွဲထွက်ခွင့် ရရှိခဲ့သည်။

Most Read

Most Recent