လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Getty Images
Photo : Getty Images
Published 11 April 2024

လက်စ်ပါမားစ် နှင့် ဆီဗီလာ

ရာသီသိမ်းပန်းဝင်ခါနီး လက်စ်ပါမားစ်ခြေစွမ်းကအကျဘက်ကိုပြလာတယ်။ နောက်ဆုံးကစားထားတဲ့ (၃)ပွဲစလုံးလည်း ရှုံးထားတယ်။ ဆီဗီလာရဲ့အဝေးကွင်းခြေစွမ်းပုံမှန်မရှိသေးပေမယ့် အစဉ်အလာအရလက်စ်ပါမားစ်ကို တစ်ဖက်သက်အသာရနေတတ်တော့ ဒီပွဲလည်း ဆီဗီလာနဲ့ ဂိုးအနည်းပဲရွေးထားမယ်။

ဂရန်နာဒါ နှင့် အလာဗတ်စ်

ဂရန်နာဒါကလည်း ရုန်းလေမြုပ်လေနဲ့ တန်းဆင်းရဖို့နီးလာနေတယ်။ ဒါကြောင့် မထူးဇာတ်ခင်းပြီးဖွင့်ကစားလာဖို့များနေတယ်။ အလာဗတ်စ်ကလည်း အဝေးကွင်းကစားပုံလျော့တဲ့ အသင်းပါ။ ဂရန်နာဒါနဲ့ ဂိုးအနည်းပဲရွေးထားလိုက်မယ်။ 

ဘီလ်ဘာအို နှင့် ဗီလာရီးယဲလ်

စပိန်ဘုရင့်ဖလားချန်ပီယံဖြစ်ပြီးနောက် လာလီဂါမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ဘီလ်ဘာအိုဆက်ပြီးတိုက်ပွဲဝင် ဖို့ရှိနေတယ်။ ဒါပေမဲ့ ဘီလ်ဘာအိုရဲ့ လက်ရှိခြေစွမ်းတည်ငြိမ်မှုနဲ့ ဆုဖလားကိုင်မြှောက်ထားတဲ့အသင်းတစ်သင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတွေအရ ပြိုင်ဘက်တွေက အသာရနေတာအမှန်ပါပဲ။ အခုဗီလာရီးယဲလ်ကလည်း နောက်ပိုင်းပွဲတွေမှာ တက်ရိပ်ပြလာပေမယ့် အဝေးကွင်းဆိုရင် စိတ်မချရသေးပါဘူး။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲကောင်းမယ်ထင်တယ်။

ဆိုစီဒက် နှင့် အယ်မယ်ရီယာ

ဆိုစီဒက်က ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာသေချာအောင် ကစားရဦးမယ်။ အယ်မယ်ရီယာကလည်း နောက်ဆုံးဖွင့်ကစားပြီးအမှတ်ရှာနေပေမယ့် အခုအဝေးကွင်းမှာတော့ ရင်ဆိုင်နိုင်စွမ်းမရှိပါဘူး။ ဆိုစီဒက်နဲ့ ဂိုးအများပဲရွေးထားရမယ်။

Most Read

Most Recent