အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းနှင့်ကစားမည့်ပွဲမှာ မိမိတို့အသင်းအတွက် စိန်ခေါ်မှုဟု ဖိုဒန် ဝန်ခံ

အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းနှင့်ကစားမည့်ပွဲမှာ မိမိတို့အသင်းအတွက် စိန်ခေါ်မှုဟု ဖိုဒန် ဝန်ခံ
Photo : Getty Images
Photo : Getty Images
Published 6 March 2024

မန်စီးတီးကွင်းလယ်ကစားသမား ဖိုဒန်က အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းနှင့် ကစားမည့်ပွဲစဉ်မှာ မိမိတို့အသင်းအတွက် စိန်ခေါ်မှုဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

လီဗာပူးလ်၊ မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့သည် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေပြီး ပွဲစဉ် (၂၈) တွင် အမှတ်ပေးဇယားအဆင့် (၁) မှ လီဗာပူးလ်နှင့် အဆင့် (၂) မှ မန်စီးတီးအသင်းတို့ လီဗာပူးလ်အသင်း၏ အိမ်ကွင်း အန်ဖီးလ်၌ ထိပ်တိုက်တွေ့ဆုံနေသည်။

မန်စီးတီးကွင်းလယ်ကစားသမား ဖိုဒန်က မိမိတို့အသင်းအနေဖြင့် အန်ဖီးလ်ကွင်းတွင် နိုင်ပွဲများစွာ မရခဲ့ကြောင်းနှင့် အဆိုပါပွဲစဉ်မှာ စိန်ခေါ်မှုဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖိုဒန်က "လီဗာပူးလ်နဲ့ ကစားမယ့်ပွဲက ပွဲကြီးပွဲကောင်းဖြစ်လာပါလိမ့်မယ်။ အန်ဖီးလ်ကွင်းမှာ ကျွန်တော်တို့အနေနဲ့ နိုင်ပွဲများစွာ မရဖူးသလိုပါပဲ။ ဒါကြောင့် အဲဒီပွဲက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ လီဗာပူးလ်-မန်စီးတီးပွဲက ကစားသမားတွေ ကစားချင်ကြတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အန်ဖီးလ်မှာ လီဗာပူးလ်ကို ရင်ဆိုင်ဖို့အတွက် အသင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် အန်ဖီးလ်ကွင်းသို့ လာရောက်ကစားခဲ့သည့် ပြိုင်ပွဲစုံ နောက်ဆုံး (၃၂) ပွဲတွင် လီဗာပူးလ်အသင်းကို (၂) ပွဲသာ အနိုင်ရရှိခဲ့သည်။ 

Most Read

Most Recent