အီတလီစီးရီးအေပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 7 April 2024

ဖရိုဆီနိုနီ - ဘိုလော့ဂ်နာ (တနင်္ဂေနွေညနေ၅း၀၀ နာရီ)

ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေ ကို မြင်တွေ့ရနိုင်တယ်။ ဖရိုဆီနိုနီက ရာသီအစကလို မဟုတ် တော့ပေမဲ့ အိမ်ကွင်းကစားပုံမဆိုးဘူး။ ဖရိုဆီနိုနီနဲ့ ဂိုးအများကို ရွေးချယ်ချင်တယ်။

မွန်ဇာ - နာပိုလီ (တနင်္ဂေနွေည ရး၃၀ နာရီ)

နာပိုလီက ရုန်းကန်နေရဆဲအသင်းဖြစ်ပြီး အိုဆင်မန်၊ ပိုလီ တာနိုတို့လို ကစားသမားတွေကိုယ်တိုင် ပုံစံကောင်းပျောက်ဆုံး နေတယ်။ မွန်ဇာက နောက်ဆုံးပွဲမှာ တိုရီနိုကို ရှုံးခဲ့ပေမဲ့ ခြေစွမ်း ညံ့ခဲ့တာတော့ မဟုတ်ဘူး။ အိမ်ကွင်းလည်းဖြစ်လို့ မွန်ဇာကို ကြိုက်တယ်။

ကာဂလီယာရီ - အတ္တလန်တာ (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ကာဂလီယာရီက အိမ်ကွင်းနောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲ မရှိကစားထားတဲ့အသင်းဖြစ်ပြီး တန်းဆင်းအန္တရာယ်ရှိသေးလို့ အမှတ်ရဖို့ ပြင်ဆင်လာလိမ့်မယ်။ အတ္တလန်တာက နောက်ဆုံး ပွဲမှာ နာပိုလီကို အနိုင်ကစားခဲ့ပေမဲ့ ဒီပွဲပြီးရင် လီဗာပူးလ်နဲ့ကစား ဖို့ရှိတာကို ထည့်တွက်ရမယ်။ အိမ်ရှင်ကို ကြိုက်တယ်။

ဗီရိုနာ - ဂျီနိုအာ  (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ဒီနှစ်သင်းနောက်ပိုင်းတွေ့ဆုံမှုတွေမှာ အိမ်ရှင်အသင်း တွေပဲ အသာရခဲ့တယ်။ လက်ရှိရလဒ်ပိုင်းကွာဟမှု သိပ်မရှိပေ မဲ့ အိမ်ကွင်းအားသာချက်ရှိတဲ့ ဗီရိုနာကို ကြိုက်တယ်။ (၂)သင်း ပေါင်းသွင်းဂိုးနည်းနိုင်တယ်။

ဂျူဗင်တပ်စ် - ဖီအိုရင်တီးနား (တနင်္လာနံနက် ၁း၁၅ နာရီ)

ဂျူဗင်တပ်စ်က စီးရီးအေနောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အဆင့်(၃)နေရာအတွက်တောင် အာမခံချက် မရှိတော့ဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ ဗလာဟိုဗစ်၊ ခီယေဆာတို့ လို ကြယ်ပွင့်တွေအနေနဲ့ ကြားရက်က ကစားခဲ့တဲ့ ပွဲမှာ ပုံစံ ကောင်းပြနိုင်ခဲ့ကြတယ်။ ဖီအိုရင်တီးနားက အထက်မရောက်၊ အောက်မရောက်အသင်းဖြစ်ပြီး အမှတ်လိုအပ်ချက်လည်း မရှိ ပါဘူး။ အိမ်ကွင်းလည်းဖြစ်လို့ ဂျူဗင်တပ်စ်အသင်း နိုင်ပွဲပြန်ရ လိမ့်မယ်လို့ ထင်မိတယ်။ (၂-ဝ)ဂိုးလောက်နဲ့ ဂျူဗင်တပ်စ်နိုင် မယ်။

Most Read

Most Recent