■ အစ်ဇေးနှင့် အိုလီဆေးတို့အား တစ်ဦးလျှင် ပေါင်သန်း (၆၀) ရမှ ရောင်းချရန် ခရစ္စတယ်ပဲလေ့စ် စီစဉ်     

■ အစ်ဇေးနှင့် အိုလီဆေးတို့အား တစ်ဦးလျှင် ပေါင်သန်း (၆၀) ရမှ ရောင်းချရန် ခရစ္စတယ်ပဲလေ့စ် စီစဉ်     
Photo: Sky Sports
Photo: Sky Sports
Published 26 April 2024

ခရစ္စတယ်ပဲလေ့စ်အသင်းသည် ၎င်းတို့အသင်း၏ ကြယ်ပွင့်ကစားသမားနှစ်ဦးဖြစ်သည့် ကွင်းလယ်ကစားသမား အစ်ဇေးနှင့် တောင်ပံ တိုက်စစ်ကစားသမား အိုလီဆေးတို့အား တစ်ဦးလျှင် ပေါင်သန်း (၆၀) ရမှ ရောင်းထုတ်ရန် ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။

    

အစ်ဇေးအား မန်စီးတီးအသင်းက စိတ်ဝင်စားနေပြီး အိုလီဆေးကိုမူ ချယ်လ်ဆီးအသင်းက ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလကတည်းက ကမ်းလှမ်းခဲ့ပြီး ပဲလေ့စ်အသင်းအနေဖြင့် ယင်းကစားသမား နှစ် ဦးစလုံးကို ဆက်ထိန်းထားရန်မှာမူ အခက်အခဲများရှိနေသည်။ 

ယင်းအခြေအနေတွင် ပဲလေ့စ်အသင်းက ကစားသမားနှစ်ဦးစလုံးကို ရောင်းထုတ်ခဲ့လျှင်ပင် တစ်ဦးလျှင် ပေါင်သန်း(၆၀) စီရမှ စတင်ဆွေးနွေးမည်ဟု ဆိုခဲ့ခြင်းလည်းဖြစ်သည်။

    

ပဲလေ့စ်အသင်း၏ အားကစားဒါ ရိုက်တာဖြစ်သူ ဒူဂီဖရိဒ်မန်းက "ကျွန်တော်တို့အသင်းက လာမယ့်ရာသီမှာလည်း ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ သေချာပြီး ဒါဟာ (၁၂) ရာသီဆက်တိုက်ပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးအခြေအနေက ခိုင်မာပြီး ဘယ်သူ့ကိုမှ အသည်းအသန် ရောင်းထုတ်ဖို့ မလိုအပ်ပါဘူး။ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို ဆက်ထိန်းဖို့ခက်ရင်တောင် လွယ်လွယ်ကူကူ ရောင်းထုတ်ဖို့မရှိပါဘူး"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent