ဝက်ဖို့ဒ်အသင်း၏ ယာယီနည်းပြအဖြစ် မန်ယူကစားသမားဟောင်း ကလယ်ဗာလေ ခန့်အပ်ခံရ

ဝက်ဖို့ဒ်အသင်း၏ ယာယီနည်းပြအဖြစ် မန်ယူကစားသမားဟောင်း ကလယ်ဗာလေ ခန့်အပ်ခံရ
Photo: X
Photo: X
Published 11 March 2024

 

မန်ယူအသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမားဟောင်း ကလယ်ဗာလေသည် ဝက်ဖို့ဒ် အသင်း၏ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။ 

ကလယ်ဗာလေ(၃၄ နှစ်)သည် ဝက်ဖို့ဒ်အသင်းတွင် ကစားသမားဘဝကို အဆုံးသတ်ခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် ဝက်ဖို့ဒ်ယူ-၁၈ အသင်း၏နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ 

ဝက်ဖို့ဒ်အသင်းသည် နောက်ဆုံးလိဂ်ပြိုင်ပွဲ(၁၀)ပွဲ၌ နိုင်ပွဲတစ်ပွဲသာ ရရှိခဲ့သည့်အတွက် ပြင်သစ်နည်းပြ ဗယ်လာရီယန်အစ္စမေးလ်အား ရာထူးမှထုတ်ပယ်ကာ ကလယ်ဗာလေကို ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent