အီတလီအသင်းအတွက်၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်အရေးကြီးပြီး မိမိတို့အလွဲချော်ခံတော့မည်မဟုတ်ဟု နည်းပြစပယ်လက်တီဆို

အီတလီအသင်းအတွက်၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်အရေးကြီးပြီး မိမိတို့အလွဲချော်ခံတော့မည်မဟုတ်ဟု နည်းပြစပယ်လက်တီဆို
Photo : Getty Images
Photo : Getty Images
Published 25 March 2024

အီတလီလက်ရွေးစင်အသင်း နည်းပြ စပယ်လက်တီက မိမိတို့အီတလီအသင်းအတွက် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်အရေးကြီးပြီး မိမိတို့လွဲချော်ခံတော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။

မတ် (၂၅)ရက်နေ့က အီကွေဒေါ အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် စပယ်လက်တီက အီတလီအသင်း၏ ၂၀၂၆ ကမ္ဘာ့ဖလား မျှော်လင့်ချက်အပေါ် ပြောကြားခဲ့ခြင်း ဖြစ်ပြီး အီတလီဘောလုံးလောကအတွက် အရေးပါသည့် သက်ရောက်မှုတစ်ခုဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားချန်ပီယံဆုကို (၄)ကြိမ်အထိရရှိထားပြီး ပြိုင်ပွဲသမိုင်း၏ ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေသည့် အီတလီအသင်း သည် ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား (၂)ကြိမ်ဆက်ခြေစစ်ပွဲမ အောင်မြင်ခဲ့ဘဲ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးမှတ်တမ်းကိုပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

စပယ်လက်တီက "အီတလီ ဘောလုံးသမိုင်းဟာ အရည်အသွေး ပြည့်ဝမှုတွေထဲက တစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ဖလားကိုလွဲ ချော်လို့မရပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုမလွန်ကဲဖို့လိုအပ်ပါတယ်။ လက်ရှိမှာ အသင်းအားလုံးက တောင့်တင်းတဲ့အသင်းတွေဖြစ်နေပါပြီ။ ပြီးတော့ အားလုံးဟာ ချန်ပီယံဆု ဆိုတဲ့အောင်ပွဲအတွက် တိုက်ပွဲဝင်နေကြတာပါ" ဟုပြောကြားခဲ့သည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြောက်အမေရိကတိုက်မှ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က အိမ် ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ပြီး ဥရောပဇုန်ခြေစစ်ပွဲများကို လာမည့် ၂၀၂၅ မတ်လတွင် စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Most Read

Most Recent