လာလီဂါနှင့် ဘွန်ဒစ်လီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်

လာလီဂါနှင့် ဘွန်ဒစ်လီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်
Photo : AFP
Photo : AFP
Published 10 March 2024

လာလီဂါ

အလာဗတ်စ် နှင့် ဗယ်လက်ကာနို


ဗယ်လက်ကာနို အဝေးကွင်းကစားအားလျော့နေပုံနဲ့တော့ အိမ်ကွင်းအားကောင်းတဲ့အလာဗတ်စ်ကိုလည်းအနိုင်ယူ နိုင်ဖို့ခက်နေဦးမှာပါပဲ။ အလာဗတ်စ်က လတ်တလောကစားပုံ မာကျောနေတာတွေ့ရတယ်။ အလာဗတ်စ်နဲ့ ဂိုးအများပါပဲ။

လက်စ်ပါမားစ် နှင့် ဘီလ်ဘာအို

ပန်းဝင်ခါနီးမှာ ဘီလ်ဘာအိုကစားရှိန်ပိုတက်လာသလိုတော့ တွေ့ရတယ်။ ဒါပေမဲ့ အဝေးကွင်းပွဲတွေမှာတော့ ဘီလ်ဘာအိုကို သိပ်ပြီးယုံကြည်ထားလို့မရသေးဘူး။ နောက်ပြီးအစဉ်အလာတွေအရလည်း လက်စ်ပါမားစ်ကွင်းမှာ ဘီလ်ဘာအိုအနိုင်ရဖို့ခက် လေ့ရှိတယ်။ လက်ရှိလက်စ်ပါမားစ်ကလည်း အိမ်ကွင်းခြေစွာနေလို့ ဘီလ်ဘာအိုအလွန်ဆုံးမျှော်လင့်နိုင်မှ သရေတစ်မှတ်ပါပဲ။

ရီးယဲလ်မက်ဒရစ် နှင့် ဆယ်လ်တာဗီဂို

ရီးယဲလ်ကလည်း ခုတလော ခံစစ်သိပ်မငြိမ်သလိုဖြစ်နေတယ်။ ဂိုးတွေအရင်ပေးလိုက်ရပြီး နောက်ကပြန်လိုက်ကစား နေရတဲ့ပွဲတွေ စိပ်လာတယ်။ အခုဆယ်လ်တာဗီဂိုကိုလည်း ရီးယဲလ်သတိထားရလိမ့်မယ်။ ဆယ်လ်တာဗီဂိုကစားပုံက ပွဲအစောပိုင်းတွေမှာ အင်အားအပြည့်ကစားပြနိုင်ပြီး တိုက်စစ်ကလည်း ဂိုးရအောင်ယူတတ်တယ်။ ဒါပေမဲ့ ပွဲချိန်ကြာလာရင်တော့ ကစားပုံရော၊ ကစားအားပါ ပြန်ကျသွားတတ်တဲ့အပြင် ခံစစ်ပိုင်းကလည်း လုံခြုံမှုသိပ်မရှိလှဘူး။ ဒါကြောင့်ရီးယဲလ်သာ ပွဲအစပိုင်းမိနစ်တွေမှာ ဆယ်လ်တာဗီဂိုရဲ့ရုန်းအားကို သတိကြီးကြီးထား ထိန်းကစားနိုင်ခဲ့ရင် အနိုင်ရဖို့မခက်လှတဲ့ပွဲလို့ပဲထင်တယ်။ ဒါ့ပြင် ဆယ်လ်တာဗီဂိုရဲ့ ခံစစ်လျော့လျဲမှုကလည်း ရီးယဲလ်တိုက်စစ်ကို ထိန်းချုပ်ဖို့မဖြစ်နိုင်လို့ ရီးယဲလ်ဂိုးရတာနဲ့အနိုင်ရမယ့်ပွဲမျိုးပါပဲ။ ရီးယဲလ်နဲ့ ဂိုးအများပဲရွေးထားချင်တယ်။

ဘက်တစ် နှင့် ဗီလာရီးယဲလ်

ဗီလာရီးယဲလ်ကစားပုံပြန်အားကောင်းလာသလိုတွေ့ရပေမယ့် အဝေးကွင်းကစားပုံနဲ့ ခံစစ်ကစားနိုင်စွမ်းကို သိပ်ပြီးစိတ်ချထားလို့မရသေးဘူး။ ဘက်တစ်က အိမ်ကွင်းဆိုရင်ပုံစံကောင်းနဲ့ ရင်ဆိုင်တဲ့အသင်းပါ။ ဘက်တစ်နဲ့ ဂိုးအများပဲကြိုက်တယ်။

ဘွန်ဒစ်လီဂါ

ဘိုဟုမ် နှင့် ဖရိုင်းဘတ်


ယူရိုပါလိဂ် (၁၆)သင်းအဆင့် (၂)ကျော့ကြားမှာ ကစားရတာဖြစ်ပေမဲ့ ဖရိုင်းဘတ်ကို လျှော့တွက်လို့တော့ မဖြစ်ဘူး။ အဝေးကွင်းမှာ ဖရိုင်းဘတ် မရှုံးလောက်ဘူး။

ဖရန့်ဖတ် နှင့် ဟော်ဖန်ဟင်မ်

ဒေါ့မွန်၊ ဝါဒါဘရီမင်အသင်းတွေကို အနိုင်ကစားထားတဲ့ ဟော်ဖန်ဟင်မ်ရဲ့ခြေစွမ်းကို သတိပြုရမယ်။ ဟော်ဖန်ဟင်မ် အမှတ်ရမယ်ထင်တယ်။

လေဗာကူဆင် နှင့် ဝုလ်ဖ်ဘတ်

လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါမှာ ရပ်တန့်နိုင် နိုင်တဲ့အသင်း မရှိသလို ဖြစ်လာနေပြီ။ နည်းပြ အလွန်ဆိုရဲ့ ကိုင်တွယ်မှုအောက်မှာ လေဗာကူဆင်ကလည်း ယုံကြည်မှု  အတော်လေးမြင့်နေတယ်။ အထူးသဖြင့် Champion Luck က လေဗာကူဆင်ကို အမှတ်ပေးချန်ပီယံဖြစ်ဖို့ အထောက်အ ကူ ပေးနေသလိုပါပဲ။ ဝုလ်ဖ်ဘတ်အသင်းကတော့ ဘွန်ဒစ်လီ ဂါ (၉)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပေမဲ့ ရှုံးတဲ့ပွဲတွေမှာလည်း ပွတ်သာသီကာပဲဖြစ်ခဲ့တာ သတိပြုရမယ်။ အခုရာသီမှာ အ ဆင့်ချင်းကွာနေပေမဲ့ သမိုင်းကြောင်းမှာ ခြားနားချက်မရှိတာ သတိပြုရမယ်ထင်တယ်။ ဝုလ်ဖ်ဘတ်နဲ့ စွန့်စားချင်တယ်။

Most Read

Most Recent