ပရီးမီးယားလိဂ် ပန်းအဝင် ခယောင်းလမ်း

ပရီးမီးယားလိဂ် ပန်းအဝင် ခယောင်းလမ်း
Photos: AFP & Sky Sports
Photos: AFP & Sky Sports
Published 24 April 2024
Al Nino

အာဆင်နယ်က ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး သွင်းထားတဲ့အသင်း ဖြစ်သလို ခံစစ်ကလည်း ပေးဂိုးအနည်းဆုံးအသင်းအဖြစ် စွမ်းဆောင်ထားပါတယ်။ ဂိုးကွာခြားချက်မှာလည်း မန်စီးတီးနဲ့ လီဗာပူးလ် နှစ်သင်းလုံးထက် အသာရထားတယ်။ ဒါပေမဲ့ သူတို့က ဒီအချိန်ထိ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် တစ်ကြိမ်မှ အလေးပေး မခံရဘူး။ ဒါကြောင့်ပဲ အာတီတာက သူတို့အသင်းလို အမှတ်ပေးပြိုင်ပွဲမှာ နိုင်ပွဲဆက်မှုမျိုးတခြား လိဂ်တွေမှာ လုပ်နိုင်ခဲ့ရင် ဇယားထိပ်ဆုံးမှာ အမှတ်ဖြတ် ဦးဆောင်နေလောက်ပြီလို့ ညည်းတွားခဲ့တာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ဒီလောက်နဲ့ မလုံလောက်ဘူးလို့ အာတီတာက ဆိုတယ်။ မန်စီးတီးနဲ့ လီဗာပူးလ် ရှိနေသရွေ့ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့က စိန်ခေါ် မှုကြီးနေဦးမှာပဲ။

 

Most Read

Most Recent