ယနေ့ညကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : AFP
Photo : AFP
Published 10 March 2024

လီဗာပူးလ် နှင့် မန်စီးတီး

လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ပွဲက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲတစ်ပွဲဖြစ်လာမယ်။ လီဗာပူးလ်သာ ဒီပွဲမှာ မန်စီတီးကို အနိုင်ကစားနိုင်ခဲ့ရင် ၄ မှတ် ဖြတ်ခွင့်ရမှာဖြစ်ပြီး ဒီရမှတ်ကွာဟမှုက လက်ကျန်ပွဲအနေအထားအရဆိုရင် တော်တော်လေးအားသာတဲ့ အနေအထားလို့ဆိုရမယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၁ ဂိုးပဲရတဲ့ပွဲ ၂ ပွဲရှိပြီး မန်စီးတီးက ၃ ပွဲရှိတယ်။ ပျမ်းမျှအနေနဲ့ မန်စီးတီးက တစ်ပွဲပျမ်းမျှ ၁.၆ ဂိုးလောက်ပဲ ရနေပြီး တိုက်စစ်အားကျနေတယ်လို့လည်း ပြောနိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးပွဲဖြစ်တဲ့ ယူနိုက်တက်နဲ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ၃ ဂိုးရခဲ့တယ်။ လီဗာပူးလ်က နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲပျမ်းမျှ ၂.၆ ဂိုးအထိ ရခဲ့တယ်။ ခြုံကြည့်ရင် လီဗာပူးလ်အားသာနေပေမယ့် စီးတီးရဲ့ ကွင်းလယ်ကို လီဗာပူးလ်ယှဉ်ဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ အန်ဖီးလ်ဖြစ်နေလို့ လီဗာပူးလ်ကို ကြိုက်တယ်။ 

- လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့တွေ့ဆုံသည့် ပြိုင်ပွဲစုံနောက်ဆုံး (၉)ပွဲတွင် (၇)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက် ရှိခဲ့သည်။

- လီဗာပူးလ်အသင်းသည် (စပါတာပရပ်ဂ်)နှင့်ပွဲမတိုင်မီ ပြိုင်ပွဲစုံနောက်ဆုံး (၉)ပွဲတွင် (၈)ပွဲအထိအနိုင်ရခဲ့ပြီး (၃)ဂိုးနှင့်အထက်သွင်းယူနိုင်သည့် ပွဲမှာလည်း (၆)ပွဲရှိခဲ့သည်။

- မန်စီးတီးအသင်းသည် ပြိုင်ပွဲစုံအဝေးကွင်း (၉)ပွဲဆက်အနိုင်ရခဲ့သော်လည်း Clean Sheet (၂)ပွဲသာ ရရှိခဲ့သည်။

အက်စတွန်ဗီလာ နှင့် စပါး

အမှတ်ပေးချန်ပီယံဆုအတွက် အရမ်းအရေးကြီးတဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ပွဲရှိသလို၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရမ်းအရေးကြီးနေတဲ့ပွဲတစ်ပွဲလည်း ဒီပွဲမှာ ရှိနေပါတယ်။ လက်ရှိ အနေအထားအရ နှစ်သင်းစလုံး ပုံစံကောင်းပြသနေကြပြီး အဆင့် ၄ နေရာအတွက် မန်ချက်စတာယူနိုက်တက်ထက် ဖြစ်နိုင်ခြေပိုများတဲ့အသင်းတွေဖြစ်တယ်။ စပါးအတွက်တော့ ဗီလာကို အမီလိုက်ဖို့ အခွင့်အရေးအကောင်းဆုံး ပွဲတစ်ပွဲဖြစ်ပြီး ရှုံးခဲ့ရင် မျှော်လင့်ချက်တော်တော်လေး အားနည်းသွားမယ်။ ဗီလာရဲ့တိုက်စစ်ပိုင်းမှာ ဘိုင်လီ၊ ဝက်ကင်စ်တို့ အကောင်းဆုံးပုံစံပြနေပြီး ကွင်းလယ်လူ ဒူးဂလပ်စ်လူးဝစ်ဇ်ကလည်း အကောင်းဆုံး ဦးဆောင်နေတယ်။ စပါးကလည်း မက်ဒီဆန်၊ ဆွန်ဟောင်မင်တို့အားနဲ့ ဗီလာကွင်းမှာရလဒ်ကောင်းဖို့ ကြိုးစားမှာပါ။ အကြိတ်အနယ်ကစားရင်း သရေကျသွားဖို့ များတယ်။ 

- အက်စတွန်ဗီလာအသင်း၏ ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်တွင် ရှိခဲ့သည်။

- စပါးအသင်းသည် ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရခဲ့ပြီး (၂)ဂိုးနှင့်အထက်ပေးခဲ့ရသည့်ပွဲမှာလည်း (၅)ပွဲ အထိ ရှိခဲ့သည်။

- အက်စတွန်ဗီလာအသင်းသည် စပါးနှင့်တွေ့ဆုံသည့် ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲတွင် (၄)ပွဲအထိ အနိုင်ရရှိခဲ့သည်။

ဘရိုက်တန် နှင့် နော်တင်ဟမ်

ဘရိုက်တန်ရဲ့ ရလဒ်တွေက တော်တော်လေးလူးနေတယ်။ ရိုလာကိုစတာ ပြေးလမ်းနဲ့ မှန်းဆရတာလည်း အရမ်းခက်ခဲတယ်။ မထင်မှတ်တဲ့ နိုင်ပွဲတွေ၊ မထင်မှတ်တဲ့ ရှုံးပွဲတွေနဲ့ မကြာခဏ မြင်နေရတဲ့အသင်းဖြစ်ပြီး နော်တင်ဟမ်အသင်းကတော့ ဘရိုက်တန်လောက် မကောင်းပေမယ့် တော်တာ်လေး မာကျောလာတာကို တွေ့ရတယ်။ ဒီပွဲလည်း ဘရိုက်တန် အိမ်ကွင်းဆိုပေမယ့် နော်တင်ဟမ်ကို ကြိုက်တယ်။

ဝက်စ်ဟမ်း နှင့် ဘန်လေ

ဘန်လေကတော့ ပရီးမီးယားလိဂ်ကနေ သေချာပေါက်တန်းဆင်းရမယ့် အသင်းဖြစ်ပြီး ရှက်ဖီးယူနိုက်တက်ပြီးရင် စိတ်ပျက်စရာအကောင်းဆုံးအသင်းလည်းဖြစ်တယ်။ ဝက်စ်ဟမ်းက နောက်ဆုံးနှစ်ပွဲမှာ အသင်းကောင်းနှစ်သင်းကို ဂိုးပြတ်နိုင်ပွဲတွေယူခဲ့ပြီး ပုံမှန်ခြေရနေသလို၊ ဒီပွဲကိုလည်း အိမ်ကွင်းမှာ ကစားရမှာဖြစ်တယ်။ ဂိုးတွေလည်း မြူးနေတာကြောင့် ဝက်စ်ဟမ်း အနိုင်ပြတ်သားနိုင်တယ်။

Most Read

Most Recent