အန်ဆယ်လော့တီနဲ့ ပတ်သက်ရင် သံသယမျက်ဝန်းတွေ များတယ်။ တကယ်ဆိုရင် သူက အီတလီဂန္ထဝင် အာရီဂိုဆက်ချီကို လေးစားအားကျခဲ့သူ၊ အေစီမီလန်မှာ ခရစ္စမတ်သစ်ပင်ကစားကွက်ကို အသက်သွင်းပြီး ဘောလုံးကမ္ဘာကို ကိုင်လှုပ်ခဲ့သူ၊ စိုးမိုးနိုင်ခဲ့သူ၊ သူဟာ ဆာအဲလက်စ်ဖာဂူဆန်ခေတ်၊ သူဟာ အာစင်ဝင်းဂါးခေတ်၊ သူဟာ မာဆယ်လိုလစ်ပီ ခေတ်ကနေ ယာဂန်ကလော့ပ်ခေတ်၊ ဂွါဒီယိုလာခေတ်၊ နည်းပြလောကတန်းရဲ့ ချာတိတ်လေး ဆိုးလ်ရှားခေတ်၊ လမ်းပတ်ခေတ်အထိ သူ့ကိုယ်သူ အစမ်းသပ်ခံနိုင်ခဲ့တယ်။ အောင်ပွဲတွေ ဆွတ်ခူးပြခဲ့တယ်။ အဲဗာတန်မှာ သူ ဖရိုဖရဲ ဖြစ်သွားတဲ့အကြောင်း အတင်းပြောနေသူတွေဟာ ရီးယဲလ်နဲ့အတူ လာလီဂါချန်ပီယံဆု ရယူပြီး ဥရောပထိပ်တန်းလိဂ်ငါးခုစလုံးမှာ ချန်ပီ ယံဆု ရယူဖူးသူအဖြစ် ဝင့်ထည်ပြီးနောက် ပါးစပ်တွေ ပိတ်ခဲ့ပြီ။ ဒါပေမဲ့ သူဟာ ဘယ်တုန်းကမှ လိုအပ်သလောက် သူကောင်းပြုမခံရဘူး။ ငွေမင်ရောင်ဆံသားတွေနဲ့ ဂျူးလီယက်ဆီဇာဟာ Underrated အဖြစ် အငွေ့ပျံနေရတယ်။
ဂန္ထဝင်အန်ဆယ်လော့တီရဲ့ မဆုံးနိုင်တဲ့ခေတ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
1 hour ago