ဆွန်ဟောင်မင်၏ ဖခင်ဖြစ်သူ ဆွန်ဝူးဂျွန် သင်တန်းသားကို အလံတိုင်ဖြင့် ရိုက်သောကြောင့် ဝမ်သုံးသန်း ဒဏ်ရိုက်ခံရ

ဆွန်ဟောင်မင်၏ ဖခင်ဖြစ်သူ ဆွန်ဝူးဂျွန် သင်တန်းသားကို အလံတိုင်ဖြင့် ရိုက်သောကြောင့် ဝမ်သုံးသန်း ဒဏ်ရိုက်ခံရ
Photo: Daily Mail
Photo: Daily Mail
Published 13 October 2024

 

စပါးအသင်းနှင့် တောင်ကိုရီးယားလက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်၏ ဖခင်ဖြစ်သူ ဆွန်ဝူးဂျွန်သည် သင်တန်းသားတစ်ဦးကို ထောင့်ကန်ဘောအလံတိုင်ဖြင့် ရိုက်နှက်သောကြောင့် ကလေးသူငယ်စောင့်ရှောက်ရေး ဥပဒေချိုးဖောက်မှုဖြင့် ဒဏ်ကြေး ဝမ်သုံးသန်းချမှတ်ခံရကြောင်း သိရသည်။

ဆွန်ဝူးဂျွန် (၆၂ နှစ်) သည် သားဖြစ်သူ ဖွင့်လှစ်ထားသည့် "ဆွန်ဘောလုံးအကယ်ဒမီ" တွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး မတ် ၉ ရက် က ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့ရှိ လေ့ကျင့်ရေးသင်တန်း၌ သင်တန်းသားတစ်ဦးကို ထောင့်ကန်ဘောအလံတိုင်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါသင်တန်းသားမှာ ပြိုင်ပွဲသို့ နောက်ဆုံးမှရောက်ရှိလာသဖြင့် ၎င်း၏ပေါင်ကို အလံတိုင်ဖြင့် တစ်ချက်ရိုက်ခဲ့ခြင်းဖြစ်ပြီး ဆွန်ဝူးဂျွန်က ၎င်း၏လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။ သင်တန်းသား၏မိဘများက မတ်လအတွင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး သားဖြစ်သူမှာ အရိုက်ခံရသည့်ဒဏ်ရာကြောင့် နှစ်ပတ်ကြာ ကုသမှုခံယူခဲ့ရကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါအမှုကို ဧပြီတွင် ရဲတပ်ဖွဲ့က အစိုးရရှေ့နေများထံ လွှဲပြောင်းပေးခဲ့ပြီးနောက် ယခုအခါ ဆွန်ဝူးဂျွန်အား ကလေးငယ်သူငယ်စောင့်ရှောက်ရေးဥပဒေချိုးဖောက်မှုဖြင့် ဝမ်သုံးသန်း (၁၆၈၃ ပေါင်) ဒဏ်ကြေးချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းနှင့်အတူ အကယ်ဒမီနည်းပြ အဖွဲ့ဝင်နှစ်ဦးကိုလည်း အလားတူ ဥပဒေချိုးဖောက်မှုဖြင့် ဝမ်သုံးသန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

ဆွန်ဝူးဂျွန်က ၎င်း၏လုပ်ရပ်အတွက် တောင်းပန်ခဲ့သော်လည်း သင်တန်းသားများအပေါ် ကိုယ်ထိလက်ရောက် မတရားကျူးလွန်ခြင်းမဟုတ်ကြောင်း ငြင်းဆန်ထားသည်။

Most Read

Most Recent