■ ဖယ်လ်ကာအို၊ ရိုဒရီဂိုတို့၏ နေအိမ်ဖောက်ထွင်းသူဟု သံသယရှိသူ (၆)ဦးကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီး     

■ ဖယ်လ်ကာအို၊ ရိုဒရီဂိုတို့၏ နေအိမ်ဖောက်ထွင်းသူဟု သံသယရှိသူ (၆)ဦးကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီး     
Photo: Sky Sports
Photo: Sky Sports
Published 15 March 2024

စပိန်ရဲတပ်ဖွဲ့သည် ဗယ်လက်ကာနိုအသင်းတိုက်စစ်မှူး ဖယ်လ်ကာအို၊ ရီးယဲလ်အသင်း တောင်ပံကစားသမား ရိုဒရီဂိုတို့၏ နေအိမ်များကို ဖောက်ထွင်းသူဟု သံသယရှိသူ (၆) ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

    

ဖမ်းဆီးခံရသူများမှာ အမျိုးသား (၅)ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး နာရီ (၁၀)လုံး၊ လက်ဝတ်ရတနာများ၊ ယူရိုငွေ (၃၃၀၀)နှင့်အတူ လေ ပစ္စတိုသေနတ်နှစ်လက် သိမ်းဆည်း ရမိခဲ့ပြီး ၎င်းတို့ကို ဖေဖော်ဝါရီ (၁၃) ရက်ကတည်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း ယခုရက်ပိုင်းမှသာ တရားဝင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ 

ဖောက်ထွင်းမှုဖြစ်ရပ်များမှာ မက်ဒရစ်မြို့နှင့် အနီးတစ်ဝိုက်ရှိ လူ ချမ်းသာရပ်ကွက်များတွင် ၂၀၂၂ ခု နှစ် ဇူလိုင်မှ စတင်ဖြစ်ပွားခဲ့ပြီး ဖယ်လ်ကာအိုနှင့် ရိုဒရီဂိုတို့၏ နေအိမ်များပါဝင်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားသည်။ 

စပိန်တွင် နာမည်ကျော် ကစားသမားအများအပြားသည် ဖောက်ထွင်းရေးသမားများ၏ မကြာခဏ ပစ်မှတ်ထားခြင်းခံနေရပြီး ရဲတပ်ဖွဲ့ဝင်များ၏ အကာအကွယ်အားနည်းမှုအတွက် မီဒီယာများက အပြင်းအထန်ဝေဖန်နေကြကြောင်း သိရှိရသည်။ 

Most Read

Most Recent