ကစားသမားဘဝကို ရိုဆာရီယိုစင်ထရယ်အသင်းတွင် အဆုံးသတ်လိုကြောင်း ပြောကြားခဲ့ပြီးနောက် ဒီမာရီယာ၏မိသားစု အသက်အန္တရာယ် ခြိမ်းခြောက်ခံရ

ကစားသမားဘဝကို ရိုဆာရီယိုစင်ထရယ်အသင်းတွင် အဆုံးသတ်လိုကြောင်း ပြောကြားခဲ့ပြီးနောက် ဒီမာရီယာ၏မိသားစု အသက်အန္တရာယ် ခြိမ်းခြောက်ခံရ
Photo: Getty Images
Photo: Getty Images
Published 27 March 2024

 

အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာ၏မိသားစုသည် အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရကြောင်း သိရသည်။ အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့ ဆင်ခြေဖုံးရှိ ဒီမာရီယာ၏ မိသားစုနေအိမ်သို့ ယင်းခြိမ်းခြောက်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ရိုဆာရီယိုမြို့သည် ဒီမာရီယာသာမက မက်ဆီ၏မွေးရပ်မြေလည်းဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် မြို့လည်းဖြစ်သည်။ 

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းတွင် ကစားနေသည့် ဒီမာရီယာက သူ၏ကစားသမားဘဝကို ငယ်ဘဝကလပ်ဖြစ်သည့် ရိုဆာရီယိုစင်ထရယ်အသင်းတွင် အဆုံးသတ်လိုကြောင်း ပြောကြားခဲ့ပြီးနောက် ယင်းခြိမ်းခြောက်စာ ပေးပို့ခဲ့ရခြင်းဖြစ်သည်ဟု ဒေသတွင်းမီဒီယာများက ရေးသားခဲ့သည်။ 

အာဂျင် တီးနားအသင်းခေါင်းဆောင်ဖြစ်သူ မက်ဆီမှာလည်း ဇနီးဖြစ်သူ ရော့ကူဇို မိသားစုပိုင် စူပါမားကတ်တစ်ခုကို သေနတ်သမားများက တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်က အသက်အန္တရာယ်ခြိမ်းခြောက်သည့် စာတစ်စောင်ပေးပို့ခံခဲ့ရကြောင်း Daily Mail က ဖော်ပြခဲ့သည်။

Most Read

Most Recent