တိုက်ပွဲများကြောင့် သင်္ဃန်းညီနောင်နှင့် မြဝတီမြို့ဝန်းကျင်မှ စစ်ဘေးရှောင်သူများ နှစ်လကျော်သည့်တိုင် နေရပ်မပြန်နိုင်သေး

တိုက်ပွဲများကြောင့် သင်္ဃန်းညီနောင်နှင့် မြဝတီမြို့ဝန်းကျင်မှ စစ်ဘေးရှောင်သူများ နှစ်လကျော်သည့်တိုင် နေရပ်မပြန်နိုင်သေး
ရေပူတောင်ပေါ်ကျောင်းရှိ စစ်ဘေးရှောင်များကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)
ရေပူတောင်ပေါ်ကျောင်းရှိ စစ်ဘေးရှောင်များကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)
Published 13 May 2024

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ သင်္ဃန်း ညီနောင်နှင့်  ပတ်ဝန်းကျင်ကျေးရွာများတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စစ်ရှောင်လာသူများမှာ နှစ်လကျော်လာသည့်တိုင်  မိမိနေရပ်သို့ မပြန်နိုင်သေးဘဲ ရက်လကြာရှည်လာသည်နှင့်အမျှ စားသောက်ရေး ခက်ခဲမှုများရှိလာကြောင်း လူမှုကယ်ဆယ်ရေးလုပ်ဆောင် နေသူများထံမှ သိရသည်။

မြဝတီမြို့မြောက်ဘက် တွင် မတ်လ ပထမပတ်မှစတင် ဖြစ်ပွားသော တိုက်ပွဲကြောင့် မဲကနယ်၊ သင်္ဃန်းညီနောင်နှင့် ပတ်ဝန်းကျင် ကျေးရွာနေပြည်သူများမှာ မြဝတီရေပူတောင် ပေါ်ကျောင်း၊ အမှတ် () ရပ်ကွက်တောရကျောင်း၊ အမှတ် () ရပ်ကွက် ဓမ္မာရန်အောင်ကျောင်း၊ အမှတ်()ဓမ္မာရုံ၊ ဟိတဒရဓမ္မစကူး ဓမ္မာရုံ၊ ဖားချောင်းချမ်းမြေ့ရိပ်သာ ဘုန်းတော်ကြီးကျောင်းတို့တွင် နေထိုင်နေရဆဲဖြစ်ပြီး စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်း အလင်းသစ်လူ မှုကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကိုအောင်ဇော်ဦးက ပြောကြားသည်။

စစ်ဘေးဒဏ်သင့်ခဲ့နေရာတွေက ပြန် လည်ထူတောင်ဖို့ ခက်ခဲနေတယ်။ တချို့ ပြန်ကြပေမဲ့ အများစုကပြန်ရင် နေစရာအိမ်မရှိတော့ဘူး။ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်စိတ်ကလည်းရှိတယ်။ ရက်တွေလတွေ ကြာလာတဲ့ခါ ကျတော့ စားသောက်ရေးတွေ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေရဲ့ ကျန်း မာရေးအတွက်လည်း စိုးရိမ်ရတယ်။ လက်ရှိ နေရပ်အိမ်ကို မပြန်နိုင်ဘဲရှိတာက ဖားချောင်း ချမ်းမြေ့ရိပ်သာဘုန်းတော်ကြီးကျောင်း၊ ရေပူတောင်ပေါ်ကျောင်း၊ အမှတ် () ရပ်ကွက်က ဓမ္မာရုံသုံးခု၊ တောရကျောင်း၊ ဟေမန်ဦးဘုန်းကြီးကျောင်းနဲ့ အင်ကြင်းမြိုင် ဘုန်းတော်ကြီးကျောင်း၊ မဲ့ပလဲဘက်ကဘုန်းကြီးကျောင်းတွေ မှာရှိနေဆဲပါ။ နှစ်လကျော်တဲ့အထိ အိမ်မပြန်နိုင်သေးပါဘူးဟု ကိုအောင်ဇော်ဦးက ပြောကြားသည်။

တိုက်ပွဲများအကြား လက်နက်ကြီးကျည်နှင့် ဗုံးဆန်ထိမှန်ခြင်းကြောင့် နေအိမ်မီးလောင်ပြာကျကာ နေစရာအိမ်မရှိခြင်းနှင့် ပြန်လည်ထူထောင်းရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ခြင်း၊ တိုက်ပွဲပြန်မည်ကို စိုးရိမ်သဖြင့် နေရပ်ပြန်ရန် ခက်ခဲနေကြောင်းလည်းကို အောင်ဇော်ဦးက ဖြည့်စွက်ပြောကြားသည်။

အထူးသဖြင့် သင်္ဃန်းညီနောင်ကျေးရွာတွင် နေအိမ်အများအပြား မီးလောင်ပြာကျသွားခဲ့ပြီး ပြန်လည်နေထိုင်ရန်လည်း လုံခြုံရေးအာမခံချက်မရှိသေးကြောင်း ရေပူတောင်ပေါ်ကျောင်းသို့ စစ်ဘေးရှောင်လာသူ အမျိုး သမီးတစ်ဦးက ပြောကြားသည်။

ရေပူတောင်ပေါ်ကျောင်းတွင် စစ်ဘေးရှောင်ခိုလှုံနေကြသူများအနက် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် မြဝတီဖောင်ဒေးရှင်းက မေ ၁၂ ရက် နံနက်တွင် သုံးကြိမ်မြောက်အဖြစ် ဆေးဝါးများ သွားရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။

Most Read

Most Recent