ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်  မိုဟာမက်ယူနက်စ် အဂတိလိုက်စားမှုဖြင့်  စွဲချက်တင်ခံရ

ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်  မိုဟာမက်ယူနက်စ် အဂတိလိုက်စားမှုဖြင့်  စွဲချက်တင်ခံရ
Published 13 June 2024
Ref: AFP

ဘင်္ဂလားဒေ့ရှ်၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနက်စ်သည် အကျင့်ပျက် ခြစားမှုဖြင့် ဇွန် ၁၂ ရက်က စွဲချက်တင်ခံခဲ့ရ ကြောင်း သိရသည်။ ယင်းသည် လေးစားခံ ဘောဂဗေဒပညာရှင် တစ်ဦးအပေါ် စွဲချက် တင်လိုက်သည့် လတ်တလော ပြစ်မှုလည်း ဖြစ်သည်။ ၎င်းကိုထောက်ခံသူများကမူ ယင်းသည် နိုင်ငံရေးအကြောင်းတရားဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

၈၃ နှစ်အ ရွယ် ယူနက်စ်သည် ၎င်း၏ အသေးစား ငွေချေးဘဏ်လုပ်ငန်းဖြင့် သန်းနှင့်ချီသည့် ပြည်သူများကို ဆင်းရဲတွင်းမှ ကယ်တင်ခဲ့သူအဖြစ် ချီးကျူးခံရသော်လည်း ၎င်းသည် ကာလရှည် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနှင့် ရန်စရှိသူဖြစ် သည်။

ဟာဆီနာက ယူနက်စ်သည် ဆင်းရဲ သားများကို ကုပ်သွေးစုပ်နေသည်ဟု စွပ်စွဲ ထားသည်။ ဟာဆီနာသည် ၂၀၀၆ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သည့် ယူနက်စ် အား ဝေဖန်တိုက်ခိုက်မှု အများအပြားပြုလုပ် ခဲ့ပြီး ယူနက်စ်သည် တစ်ချိန်က ၎င်းင်း၏အလား အလာရှိ ပြိုင်ဘက်တစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရ သည်။ အမျိုးသား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဌာနက တင်သွင်းသည့် စွဲချက်တွင် ယူနက်စ်နှင့် အခြားလူပုဂ္ဂိုလ် ၁၃ ဦးသည် ၎င်းင်းတည်ထောင်ခဲ့သည့် ကုမ္ပဏီများထဲမှတစ် ခုဖြစ်သည့် grameen telecom  ထံမှ ဒေါ် လာ ၂ ဒသမ ၁ သန်း (ဘင်္ဂလားဒေ့ရှ်တာကာ ၂၅၂ သန်း) အလွဲသုံးစားပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသည်။