ပြည်ပအလုပ်အကိုင်အေဂျင်စီများ အခွန်လျှော့ပေါ့စေရန်ရည်ရွယ်ပြီး ပြည်ပစေလွှတ်သည့် လုပ်သားစာရင်း လိမ်လည်တင်ပြပါက အရေးယူခံရမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ

ပြည်ပအလုပ်အကိုင်အေဂျင်စီများ အခွန်လျှော့ပေါ့စေရန်ရည်ရွယ်ပြီး ပြည်ပစေလွှတ်သည့် လုပ်သားစာရင်း လိမ်လည်တင်ပြပါက အရေးယူခံရမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ
Published 8 May 2024

ပြည်ပအလုပ်အကိုင် အေဂျင်စီများ အခွန်လျှော့ပေါ့စေရန်ရည်ရွယ်ပြီး ပြည်ပစေ လွှတ်သည့် လုပ်သားစာရင်း လိမ်လည်တင်ပြ ပါက အရေးယူခံရမည်ဟု အလုပ်သမားဝန် ကြီးဌာနက ကြေညာသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီများ အနေဖြင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်အတွက် နိုင်ငံအလိုက်စေလွှတ်သည့်စာရင်း၊ OWIC ပြုလုပ်သည့်စာရင်းများကို စိစစ်ပြန်ကြားရ မည်ဖြစ်ကြောင်း၊ မေ ၁၇ ရက်မတိုင်မီ စာရင်း များကို တင်ပြရမည်ဖြစ်ကြောင်း၊ သတ်မှတ် ရက်အတွင်း တင်ပြနိုင်ခြင်းမရှိပါက ဦးစီးဌာန က ပြုလုပ်ထားသည့် နိုင်ငံအလိုက်စေလွှတ် စာရင်းများ၊ OWIC ပြုလုပ်ခဲ့သည့် စာရင်းများ အတိုင်း အခွန်ပေးဆောင်ရမည်ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ် ပြန်သည်။

မြန်မာနိုင်ငံတွင် အလုပ်သမားဝန်ကြီး ဌာနက တရားဝင်ခွင့်ပြုထားသည့် ပြည်ပအ လုပ်အကိုင်အေဂျင်စီများမှာ ယခုနှစ်ဖေဖော် ၀ါရီအထိ စာရင်းများအရ ၅၄၇ ခုရှိပြီး ယင်း တို့အနက်မှ အချို့သည် လိုင်စင်ယာယီပိတ် သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင် အေ ဂျင်စီများလည်း ရှိသည်။

ယခင်နှစ် ဧပြီမှ ယခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ တရားဝင်လိုင်စင်ရပြည်ပအလုပ်အ ကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်းဖြစ် သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။

လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင် စီအရေအတွက်သည် ၂၀၂၁ ခုနှစ်မတိုင်မီက ၃၀၀ ကျော်သာရှိခဲ့သော်လည်း သုံးနှစ်ကျော် ကာလအတွင်း လိုင်စင်ရကုမ္ပဏီ အရေအ တွက် ၅၀၀ ကျော်သို့ ရောက်ရှိလာခဲ့သည်ကို အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

အလုပ်သမားများ သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ တူရ ကီ အစရှိသည့်နိုင်ငံများသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန် ထားသည့်အချက်အလက်များအရ ယခင်နှစ် ရှစ်လတာကာလအတွင်း တစ်လလျှင် ပျမ်းမျှ တစ်သောင်းခွဲခန့်သာရှိခဲ့သော်လည်း ယခု နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် တစ် သောင်းကိုးထောင်ခန့် သွားရောက်လုပ်ကိုင် လျက်ရှိသည်ကို တွေ့ရသည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန က ပြည်ပထွက်ခွာလုပ်ကိုင်မည့်အလုပ်သ မားများအနက် အမျိုးသားများ၏ demand letter များ တင်ခွင့်ကို မေ ၁ ရက်တွင် ယာ ယီ ပိတ်သိမ်းထားသည်။

ယင်းနောက် မေ ၇ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီး demand letter များ တင်ရာတွင် အသက်ကန့်သတ်မှုများရှိနေ သည်ဟု သိရသည်။

Most Read

Most Recent