ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်လာသည့် ကျပ် ၄ ဒသမ ၄၂၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ပဲခူးတိုင်း ရွှေတောင်မြို့နယ်တွင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်လာသည့် ကျပ် ၄ ဒသမ ၄၂၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ပဲခူးတိုင်း ရွှေတောင်မြို့နယ်တွင် ဖမ်းဆီးရမိ
Published 1 June 2024

ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်လာသည့် ကျပ် ၄ ဒသမ ၄၂၅ ဘီလျံ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ပဲခူးတိုင်း ရွှေတောင်မြို့နယ်၌ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၈ ရက် နံနက် ၁၀ နာရီခွဲက ပဲခူးတိုင်းဒေသ ကြီး၊ ရွှေတောင်မြို့နယ်၊ ရန်ကုန်-ပြည်ကား လမ်း၊ ဆင်မကြပ်ကျေးရွာအနီးတွင် ထွန်း ထွန်းဝင်း မောင်းနှင်ပြီး ထင်ကျော်နှင့် ဟိန်း မင်းမင်း (ခ) မှန်လေးတို့ လိုက်ပါလာသည့် ခြောက်ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်၌ အုတ်ခဲ များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဆာ လာအိတ်များအတွင်းမှ ကျပ် ၄ ဒသမ ၄၂၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

ထပ်မံ စစ်ဆေးဖော်ထုတ်ချက်အရ ထို နေ့ ညနေ ၄ နာရီခွဲခန့်တွင် စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါ ဝင်သူများဖြစ်သည့် ယာဉ်ပိုင်ရှင် ကျော်စွာ ထွန်း၊ ထွန်းထွန်း (ခ) မောင်မောင်နှင့် ရန် နောင်ထွေး (ခ) နောင်နောင်တို့အား ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပိန္နဲကုန်း ကျေးရွာ၌ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ် မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းင်းမှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ မင်း တုန်းမြို့သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီး ရမိသူများကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent