ရွှေစျေးနှုန်း တည်ငြိမ်ကျဆင်းရန် မန္တလေးရွှေစျေးကွက် အရောင်းအဝယ် ခေတ္တရပ်နားမည်

ရွှေစျေးနှုန်း တည်ငြိမ်ကျဆင်းရန် မန္တလေးရွှေစျေးကွက် အရောင်းအဝယ် ခေတ္တရပ်နားမည်
Published 23 May 2024

ရွှေစျေးနှုန်းတည်ငြိမ်ကျဆင်းရန် မန္တလေးရွှေစျေးကွက် အရောင်းအဝယ် ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း မန္တလေးတိုင်းရွှေလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

“လောလောဆယ်တော့ ခဏပိတ်ထားတာပေါ့။ ရက်ကတော့ အကန့်အသတ်မရှိပေါ့။ ဘယ်အချိန်မှ အရောင်းအဝယ် ပြန်ဖွင့်မလဲဆို တာတော့ မသိရသေးပါဘူး” ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လတ်တလောတွင် ရွှေစျေးနှုန်း တည်ငြိမ် ကျဆင်းစေရန် ယင်းသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အသင်းရုံးတွင် အရောင်းအဝယ်ပြု လုပ်ခြင်းကိုသာ ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေဆိုင်တွေကတော့ သူ့ဟာနဲ့သူ ရောင်း ဝယ်ကြတာပေါ့။ ရွှေဆိုင်တွေတော့ မပိတ်ပါ ဘူး” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ထို့ပြင် မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များ အသင်းကလည်း ရွှေစျေးနှုန်းတည်ငြိမ်ကျ ဆင်းစေရေးအတွက် မန္တလေးရွှေအရောင်း အဝယ်ရွှေစျေးကွက် ခေတ္တရပ်နားထားပါမည်။ ရုံးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အ သင်းရုံးခန်းကို ဖွင့်လှစ်ထားပေးပါမည်ဟု သတင်းထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်ကလည်း ရွှေစျေးနှုန်းများ မြင့်တက်မှုကြောင့် မန္တလေးတိုင်း ရွှေလုပ်ငန်း ရှင်များအသင်းမှ ရွှေအရောင်းအဝယ်စျေး ကွက်ကို နှစ်ကြိမ်အထိ ပိတ်ခဲ့ဖူးကြောင်း သိရ သည်။

ကမ္ဘာ့ရွှေစျေးနှုန်း မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းရွှေစျေးနှုန်းမှာလည်း လိုက်ပါ မြင့်တက်လျက်ရှိကြောင်း ပြင်ပရွှေစျေးကွက်မှ သိရသည်။ ပြင်ပရွှေစျေးကွက်တွင် ဖွင့်လှစ် ထားသည်ဆိုသည့် စျေးနှုန်းအရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၅၀ ကျော်သို့ ရောက်ရှိနေပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်း၏ မေ ၂၃ ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည့်စျေးနှုန်းမှာ တစ်ကျပ်သား လျှင် ကျပ်သုံးဆယ့်ကိုးသိန်း ကိုးသောင်းကိုး ထောင့်ရှစ်ရာဖြစ်ကြောင်း သိရသည်။

Most Read

Most Recent